💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၄၀)
~~~~~~~~"တစ်ကယ်သေချာလား...??"
"သေချာတယ်...."
"အတည်ပြောနေတာလား??...."
"အင်း...."
တစ်ခွန်းမေးတစ်ခွန်းဖြေနေသော်လည်း..သူက
ရှပ်အင်္ကျီရဲ့လက်ကြယ်သီးတွေကိုဖြုတ်နေတာ
ဝတိံကိုငဲ့လို့ပင်မကြည့်.....၊ဝတိံခေါင်းလေးဖွဖွကုတ်လိုက်မိသည်။
"ဟို...ဦးစစ်ပြောတော့အလုပ်တွေများနေတယ်ဆို.."
"ကိစ္စမရှိပါဘူးတစ်ပတ်ဆယ်ရက်ပဲဟာ...
သေချာစဉ်းစားကြည့်ရင်မင်းကိုဘယ်လိုမှ
တစ်ယောက်ထဲစိတ်မချဘူး....""တစ်ယောက်ထဲမဟုတ်ပါဘူးဦးစစ်ရဲ့
ဝတိံသူငယ်ချင်းတွေလည်းပါတဲ့ဟာပဲ...အဟင်း...."ဝတိံသူမလွှတ်မှာစိုး၍စေရာပါတဲ့အကြောင်း
အမှန်အတိုင်းမပြောထားမိတာမို့....
အခုရုတ်တရပ်ကြီးသူကပါခရီးစဉ်ကို
လိုက်မည်ဆိုသည့်အခါခေါင်းနပမ်းကြီးနေရသည်။ဒီအချိန်မှစေရာပါခရီးစဉ်မှာပါနေတယ်လို့
သူ့ကိုဖွင့်ပြောလိုက်ရင်သူဝတိံကိုစိတ်ဆိုး
သွားမှာများလား?...ဒါမှမဟုတ်အထင်လွဲသွားမယ်
ထင်တယ်...?ဝတိံတစ်ယောက်ထဲစိုးရိမ်စိတ်တွေနှင့်
စိတ်ထဲမှာယောက်ယတ်ခတ်သွားရတော့
သူကဝတိံမျက်နှာလေးရှေ့မှာလက်တစ်ချက်
ယမ်းရင်း....၊"ဟေ့...ဘာတွေတွေးနေတာလဲ....
ကိုယ်ပြောတာကြားလား....""ရှင်...ဦးစစ်ဘာပြောလိုက်တာလဲဟင်..."
"ဪ...မင်းသူငယ်ချင်းတွေကအားလုံး
ဘယ်နှစ်ယောက်ပါမှာလဲလို့မေးတာ...."စစ်တမင်မေးလိုက်တော့သူမမျက်လုံးလေး
ဝိုင်းသွားရင်းတံထွေးအသာမျိုချသည်။"ဟို...ဆုမြတ်ရယ်၊နဒီရယ်၊ကေသာရယ်၊ဘုန်းပြည့်ရယ်
ပြီးတော့...စေ.စေရာရယ်....အားလုံး
၅ယောက်ပါ...."
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...