part.8(uni&zawgyi)

6.9K 228 10
                                    

💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛

        အပိုင်း(၈)
      ~~~~~~~~

"ဒီလိုအရည်အချင်းမရှိတဲ့လူတွေများနေလို့မင်းတို့
ဌာနကလူများပြီးပွဲမစည်တာ..ဒီမိန်းကလေးကို
အခုချက်ချင်းအလုပ်ဖြုတ်ပစ်လိုက်...
မဟုတ်ရင်ငါလုံးဝမကျေနပ်နိုင်ဘူး...."

"ဟင်..."

ထိုစကားကြောင့်ဝတိံအထိတ်တလန့်ဖြစ်သွားရရင်း
ဌာနမှူးကိုအားကိုးတကြီးကြည့်လိုက်မိစဉ်...၊

"ခင်ဗျားကဘာမို့လို့ကျွန်တော့်ရဲ့ဝန်ထမ်းတွေကို
အလုပ်ဖြုတ်ဖို့၊မဖြုတ်ဖို့လာပြီးအမိန့်ပေးနေရတာလဲ.."

ရုတ်တရပ်ဒေါသမကင်းစွာဟိန်းထွက်လာတဲ့
အသံနှင့်အတူမှန်တံခါးကိုဖျပ်ခနဲတွန်းဖွင့်လျက်
အထဲကိုဝင်လာတဲ့သူက...၊

"သူဌေး...."

စစ်ကိုမြင်တာနဲ့ဒေါ်မာယာရင့်ရဲ့မျက်နှာကမဲ့ရွဲ့သွားပြီး
လက်ကိုခပ်တင်းတင်းပိုက်လိုက်၏....၊

"မင်းရောက်လာတာနဲ့အတော်ပဲစစ်မက်မဏ္ဍိုင်...
မင်းရဲ့ကုမ္ပဏီကအလုပ်ကိုအလုပ်လိုမလေးစားဘဲ
ပေါ့လျော့တဲ့ဝန်ထမ်းတွေကိုပြင်းပြင်းထန်ထန်
အရေးယူပြီးဆုံးမလိုက်စမ်းပါ...."

အာဏာပါဝါပြသလိုလုပ်နေသည့်ဒေါ်မာယာရင့်ကို
စစ်အရေးမစိုက်ဘဲStylistဌာနမှူးကိုကြည့်လိုက်ကာ..၊

"ဘယ်လိုဖြစ်တာလဲ...."

"ဟို...ဒီလိုပါသူဌေး...မနေ့ကသူတို့တွေအသဲကျော်ရဲ့
MTVရိုက်ကွင်းကိုပို့ခဲ့တဲ့လယ်သာဝတ်စုံမှာ
မိူစွဲနေလို့ပါတဲ့...."

"မနေ့ကMTVရိုက်ကွင်းကိုအဝတ်အစားတွေပို့ဖို့
ဘယ်သူတာဝန်ယူတာလဲ...."

"နေခြည်​နဲ့တာဝတိံသာပါ....."

ဌာနမှူးပြန်ဖြေလိုက်တော့စစ်ရဲ့မျက်ဝန်းတွေက
ဘေးမှာခေါင်းလေးငုံ့လျက်ခပ်ရို့ရို့ရပ်နေတဲ့
သူမဆီစိုက်ခနဲကျရောက်သွားရင်း....၊

"တာဝတိံသာ..."

ရုတ်တရပ်သူ့ရဲ့ခေါ်လိုက်သံကဟိန်းခနဲထွက်လာ
ခဲ့ပြန်လျှင်...ဝတိံကပျာကယာခေါင်းလေးမော့ကြည့်
လိုက်သည်။သူကတော့ဝတိံကိုတည်ငြိမ်စွာ
စူးစိုက်ကြည့်ရင်း...၊

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now