part.27 ( uni & zawgyi )

6.8K 255 15
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          အပိုင်း(၂၇)
      ~~~~~~~~~~

"ဝတိံဘယ်​​လောက်​ပဲကြိုးစားကြိုးစား
အရာအားလုံးကအလကားပဲ..ဝတိံအခု
နားလည်​လိုက်​ပါပြီ..ရှင်​တစ်​ကယ်​တမ်းဝတိံ
ဆီကလိုချင်​​နေတာလက်​မှတ်​ထိုးပြီးသား
ကွာရှင်းစာချုပ်​ နှစ်​​စောင်​ပဲဆိုတာကို​ပေါ့....."

ဒီ​လာက်​ထိ​လုပ်​ရက်​​လေခြင်းဆိုတဲ့နာကျင်​
မျက်​ဝန်း​လေး​တွေနှင့်သူမရဲ့စကားသံအဆုံး
စစ်​..မျက်​လွှာချ​လျက်​​ခေါင်းကိုငုံ့ချလိုက်​မိသည်​။

"ကိုယ်​နားလည်​တယ်​...မင်းအခုဘယ်​လိုခံစား​နေရမလဲ
ဆိုတာကို....မင်းအခုစိတ်​​အေး​အေးထားပြီး
အနားယူလိုက်​ပါ မင်း​သွေး​အေးသွားတဲ့အခါ
ကိုယ်​တို့စကားဆက်​​ပြောကြမယ်​...."

ဒီလိုအ​နေအထားမှာ​​တောင်​စကားကိုတည်​ငြိမ်​စွာ
ဆို​နေ​သေးသည့်သူ့ရဲ​သွေး​အေးမူ့က​တော့
တစ်​ကယ့်ကိုလက်​ဖျားခါရ​လောက်​​အောင်​ပါပဲ....၊

ဟုတ်​ပါရဲ့...ဝတိံသူ့ဆီကဘာကိုထပ်​ပြီး​မျှော်​လင့်
​နေမိပြန်​တာလဲ...သူဝတိံကိုပျာပျာသလဲ
ရှင်းပြလာဖို့​မျှော်​လင့်​နေရ​အောင်​သူကဝတိံအ​ပေါ်
ဘယ်​တုန်းကမှခံစားချက်​ရှိခဲ့တာမှမဟုတ်​ဘဲ...
သူက...ဝတိံကွာရှင်းစာချုပ်​မှာလက်​မှတ်​ထိုးလိုက်​
တာကိုပဲလိုချင်​တာ....၊

"အဟင်း..."

မျက်​ဝန်းမှမစီးကျလာ​အောင်ထိန်းချုပ်ထား​သော
​​​​ပြည့်အိုင်​​နေတဲ့မျက်​ရည်​စတို့နဲ့အတူဝတိံ
အက်​ရှရှအသံ​လေးနှင့်ရယ်​​မောလိုက်​မိ၏....။

"ရှင်​နဲ့ဝတိံရဲ့ကြားမှာဘာမှထပ်​ပြီး​ပြောစရာ
မရှိ​တော့ဘူး...."

စကားအဆုံးဝတိံလက်​ထဲကစာချုပ်​​တွေကို
​မွေ့ယာ​ပေါ်ပစ်​​ပေါက်​လိုက်​ရင်းသူ့ကိုယ်​ကြီးကို
တိုးတိုက်​ကာအခန်းထဲက​ပြေးထွက်​လာခဲ့တာနှင့်
သူ့​ရှေ့မှာထိန်းချုပ်​ထားတဲ့မျက်​ရည်​​တွေက
ပါးပြင်​ထက်​ကို အလုအယက်​ပြိုကျသက်​ဆင်း
လာခဲ့​တော့သည်​။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now