part.20 ( uni & zawgyi )

8K 259 19
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          အပိုင်း(၂၀)
      ~~~~~~~~~~

"ဘယ်​လိုလဲ...ကိုယ့်အတွက်​ဟင်းချက်​​ပေးဦးမှာလား"

"ရှင်​...."

အမှတ်​တမဲ့လား၊မ​တော်​ဆတလားမသိ​
သူထည့်သုံးလိုက်​တဲ့ကိုယ်​ဆိုတဲ့အသုံးအနူန်း​ကြောင့်
ဝတိံသူ့​မေးခွန်းကိုရှင်​တစ်​လုံးထဲသာတုံ့ပြန်​
နိုင်​ခဲ့သည်​။

သို့​သော်​...ကြာကြာ​ပျော်​ဝင်​ချိန်​မရလိုက်​...
အမိူက်​ပုံးထဲကို​ရောက်​သွားရှာသည့်...ကြိုးစား
ပမ်းစားချက်​ထားရတဲ့ဟင်း​တွေအဖြစ်​ကို
ပြန်​မြင်​လိုက်​​တော့ဝတိံမျက်​နှာ​လေးကိုပြန်​ပြီး
တင်းပစ်​လိုက်​ရင်း၊

"မချက်​​ပေးဘူး....ဝတိံ​ပြောပြီးပြီပဲဝတိံ
​နောက်​တစ်​ခါဦးစစ်​အတွက်​ဘယ်​​တော့မှဟင်းမချက်​
​ပေး​တော့ပါဘူးလို့...ဦးစစ်​ကဝတိံ​စေတနာကို
အမြဲတမ်းလျစ်​လျူရူ့တာ...​နောက်​တစ်​ခါ
​ခေါက်​ဆွဲ​တောင်​ပြုတ်​မ​ကျွေးဘူးမှတ်​....ဟွန့်..."

ဝတိံခပ်​​ဆောင့်​ဆောင့်​လေး​ပြောရင်းသူ့ကို
တိုးတိုက်​ထွက်​လာကာ...အခန်းထဲကထွက်​ပြီး...
မီးဖိုခန်းထဲပြန်​ဝင်​လာခဲ့သည်​။

ထို့​နောက်​ကွဲသွားတဲ့ပန်းကန်​လုံးနဲ့​ပေ​နေတဲ့
ဟင်းဆီ​တွေကိုသန့်ရှင်းဖို့ပြင်​​နေတုန်းသူက
အ​နောက်​က​နေ လိုက်​ဝင်​လာ၏....၊

"​ဟေ့...ပန်းကန်​​​ကွဲစ​တွေကိုဒီအတိုင်းမကိုင်​နဲ့​လေ..
လက်​ရှကုန်မှာ​ပေါ့...ဖယ်​"

​ပြော​ပြောဆိုဆိုနဲ့ အနား​ရောက်​လာတဲ့သူက
ဝတိံကိုယ်​​လေးကိုလက်​​မောင်းက​နေဆွဲမဖို့
ပြင်​​ပေမဲ့ ဝတိံ​ပေကပ်​ပြီးငုတ်​တုတ်​​လေး
ထိုင်​​နေတာ​ကြောင့်ဆွဲမလို့မရခဲ့....၊

"ဘာဖြစ်​​နေတာလဲကွာ....မင်း

"ဘာဖြစ်​ဖြစ်​​ပေါ့ဦးစစ်​ဝတိံကိုလာမရူပ်​ပါနဲ့
ကိုယ့်ဘာသာအရင်​လိုပဲ​နေ...."

အမှန်​တစ်​ကယ်​ စိတ်​ဆိုးသွားပုံရသည့်သူမ​ကြောင့်
စစ်​...စိတ်​အိုက်​သွားရသလိုနဖူးကိုလက်​မနှင့်
ခြစ်​လိုက်​မိ၏။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now