💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၄၂)
~~~~~~~~~ဦးလေးခွန်ဖရဲ့လမ်းပြခေါ်ဆောင်မူ့ဖြင့်
တောလမ်းလေးအတိုင်းသူငယ်ချင်းတွေ
စကြ၊နောက်ကြနှင့်ရယ်ရယ်မောမောခရီးဆက်
လာကြတာကမောရပန်းရကောင်းမှန်းမသိ....။တောလမ်းလေးရဲ့ပါတ်ဝန်းကျင်မှာစိမ်းစို
နေတဲ့သစ်ပင်တွေကနေပြောက်ပင်မထိုးနိုင်အောင်
အုံ့ဆိုင်းနေ၏...ရောင်စုံတောပန်းလေးတွေ
နေကြာရိုင်းတွေကလည်းနေရာအနှံ့ပေါက်ရောက်
နေတာကအရောင်စုံလှတဲ့ပန်းချီကားတစ်ချပ်လိုပင်...
တခါတရံတောအုပ်ရဲ့အတွင်းထဲက
တိရိစာ္ဆန်ငယ်လေးများရဲ့ဟောက်သံကိုကြားရ၏...
ဘာပဲဖြစ်ဖြစ် သဘာဝရဲ့အလှတရားတွေက
လူသားတွေရဲ့စိတ်အစဉ်ကိုအေးချမ်းစေကတော့
အမှန်ပင်ဖြစ်၏.....။တဖြေးဖြေးတောလမ်းလေးလွန်တော့
အရှေ့မှာလမ်းမရှိတော့ဘဲတောင်တက်သလိုမျိုး
အပေါ်ကိုကုတ်ကတ်တက်ရသည်။အပေါ်ရောက်မှ
တစ်ခါလူတွေထွင်ထားတဲ့တောလမ်းလေးကို
ထပ်တွေ့ရပြန်သည်။ရေတံခွန်နဲ့လည်းတေ်တော်
နီးကပ်လာတော့ရေစီးသံကိုပင်ကြားနေရ၏...။"ရေသံကဒီကနေတောင်ကြားနေရတယ်
ရေစီးကတော့တော်တော်သန်မဲ့ပုံပဲနော်ဦးလေး..."စေရာကလှမ်းမေးတော့ရှေ့ဆုံးကနေ
ဓားမတိုတစ်ချောင်းကိုကိုင်ကာကွမ်းတမြုံ့မြုံ့
ဝါးရင်းအေးဆေးစွာလျောက်နေတဲ့
ရှမ်းအမျိုးသားကြီးဦးလေးခွန်ဖကလှည့်ကြည့်ကာ..၊"သန်ပြီလားငါ့တူရယ်...ရေတံခွန်ရဲ့ဘေးမှာ
ချောင်းကြီးရှိတယ်လေရေစီးကတော့
ဘာသန်သလဲမမေးနဲ့ဆင်တောင်မလွတ်ဘူးဆိုတဲ့
ဆိုရိုးစကားတောင်ရှိပါကော...."ဦးလေးခွန်ဖကအားရပါးရပြန်ဖြေတော့
နဒီကပခုံးလေးကျုံ့သည်။"ဦးလေးပြောမှသမီးတောင်မလိုက်ရဲတော့ဘူး
သမီးကရေကူးတတ်တာမဟုတ်ဘူး...."
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romansa💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...