part.52 ( uni & zawgyi )

6.3K 223 5
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

           အပိုင်း(၅၂)
        ~~~~~~~~~~~

"မာမီ​...."

အခန်းတံခါးကိုဖွင့်လိုက်​တာနှင့်အ​ရှေ့မှာ​ခေါင်းအုံး
​လေး​တွေပိုက်​ပြီးရပ်​​နေတဲ့အမွှာနှစ်​​ယောက်​...

"ဘာဖြစ်​တာလဲ..သည်းငယ်​​လေး​​တွေ..."

အ​ဖေဖြစ်​သူက​မေးလိုက်​​တော့က​လေး​တွေက
ဝတိံကို​ခေါင်း​လေးပြိုင်​တူ​မော့ကြည့်လာကာ..

"အချစ်​တို့ဒီ​နေ့..မာမီနဲ့အိပ်​မယ်​..."

"ဟမ်​...."

ဒီတစ်​ခါအသံထွက်​လာတာသူ့ဆီကဖြစ်​၏...

"​မာမီက​ခေတ်​တို့ကိုအကြာကြီးခွဲသွား​တော့
​ခေတ်​တို့ကမာမီကိုအရမ်းလွမ်း​နေရတာ​လေ...
အဲ့ဒါ​ကြောင့်ဒီည​ခေတ်​တို့မာမီနဲ့အတူအိပ်​မယ်​​နော်​..."

မျက်​လုံး​လေး​ပေကလပ်​​ပေကလပ်​လုပ်​ကာ
သနားစဖွယ်​ချစ်​စဖွယ်​​တောင်းဆို​နေတဲ့
သမီးနှစ်​​ယောက်​​ကြောင့်သူနဲ့ဝတိံတစ်​​ယောက်​
မျက်​နှာတစ်​​ယောက်​ကြည့်လိုက်​မိကြပြန်​သည်​။

"မာမီကလည်း..ဘာလို့ပြန်​မ​ဖြေတာလဲ
အချစ်​တ်ို့ကမာမီနဲ့အတူအိပ်​လို့မရဘူးလား..​ပြော..."

"အို..ဘာလို့မရ,ရမှာလဲ...ရတာ​ပေါ့မာမီကလည်း
သည်းငယ်​​လေး​တွေနဲ့အတူအိပ်​ချင်​​နေတာ...
အဟွန်း...လာခဲ့..."

"​ဟေး..."

"ဒါမှ...တို့မာမီ...."

အ​မေဖြစ်​သူရဲ့လက်​ကိုတစ်​ဖက်​ဆီဆွဲပြီး
အခန်းထဲကိုမြူးတူးစွာဝင်​သွားတဲ့အမွှာနှစ်​​ယောက်ကို
ကြည့်ကာဘာမှမ​ပြောနိုင်​ဘဲမအီမလည်​မျက်​နှာနှင့်
အခန်းဝမှာရပ်​ကျန်​​နေခဲ့တဲ့စစ်​ခမျာမှာ​တော့..........။

~~~~~~~~~~~~~~~~💕💕💕

အခန်းထဲကအိပ်​ရာကုတင်​ကြီး​ပေါ်
အ​မေနဲ့အ​မေရဲ့အလယ်​မှာလှဲ​လျောင်းငြိမ်​သက်​စွာဖြင့်
အိပ်​​ပျော်​သွားပြီဖြစ်​​သောအချစ်​နဲ့တ​ခေတ်​....၊

"ကြည့်ပါဦး...ဝတိံသမီး​လေး​တွေသနားပါတယ်​..
သူတို့ခမျာဝတိံကိုအရမ်းလွမ်း​နေရှာတာ...
ဝတိံသိပ်​မှပဲအိပ်​​တော့တယ်​..."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now