part.24 ( uni & zawgyi )

7.1K 282 14
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          အပိုင်း(၂၄)
     ~~~~~~~~~~~

"ရှင်​မသွားရဘူး...ရှင်​လုံးဝမသွားရဘူး
ဦး​တေဇမင်း​မောင်​....."

"မင်းမှာငါ့ကိုဒီလိုပုံစံမျိုးနဲ့တားပိုင်​ခွင့်မရှိဘူး
နန်းမကိုဋ်​...ငါတို့နှစ်​​ယောက်​ကဒီ​နေ့ကစပြီး
လင်​ခန်းမယားခန်းပျက်​သွားပြီ...ငါနဲမင်းနဲ့
ဘာမှမသက်​ဆိုင်​​တော့ဘူး...."

"ရှင်​...ဒီ​နေရာက​နေ​ခြေတစ်​လှမ်းခွာကြည့်လိုက်​
ကျွန်​မကိုယ့်ကိုကိုယ်​သတ်​​သေပစ်​လိုက်​မယ်​...."

မျက်​ဝန်းမှာမျက်​ရည်​​တွေပြည့်​နေ​ပေမဲ့
အရူံးမ​ပေးနိုင်​တဲ့မာန်​မာနတို့ဖြင့်တင်းတင်း​စေ့ထားတဲ့
နူတ်​ခမ်း​တွေကတင်းမာခတ်​ထန်​​နေရင်း
မာမီ့ရဲ့တားမြစ်​သံ​တွေကအခန်းတစ်​ခုလုံးမှာ
ပဲ့တင်​ဟိန်းထွက်​​နေခဲ့၏...၊

ဒယ်​​ဒီ့ရဲ့မျက်​ဝန်း​တွေက​တော့မာမီနဲ့ဆန့်ကျင်​ဘက်​
စိတ်​ပျက်​ခြင်းများနှင့်....၊

မိဘနှစ်​ပါးရဲ့မကြာခဏကြုံ​နေရတဲ့အိမ်​တွင်း
စစ်​ပွဲကို...အရုပ်​​လေးကိုပိုက်​ထားလျက်​
ခပ်​ဟဟပွင့်​နေတဲ့တံခါးဝက​နေမျက်​ရည်​​တွေနှင့်
​ငေးကြည့်​နေခဲ့တဲ့၁၁နှစ်​အရွယ်​​ကောင်​​လေး
စစ်​မက်​မဏ္ဍိုင်​...။

မာမီ​ဒေါသ​တွေနဲ့ငိုယိုတားမြစ်​​နေတာကို
လက်​​ဂေ့ချ်​ကိုဆွဲထားတဲ့ဒယ်​ဒီကတစ်​ချက်​မှ
ဂရုမစိုက်​ဘဲလှည့်ထွက်​လာသည်​။

"ဒယ်​.ဒယ်​ဒီ...."

အခန်းပြင်​ကိုအ​ရောက်​မျက်​ရည်​​တွေနှင့်
ညိုးငယ်​စွာရပ်​​နေတဲ့သားဖြစ်​သူကိုမြင်​​တော့
​ခြေလှမ်းတုံ့သွားရင်းတစ်​ချက်​လှမ်းကြည့်လာခဲ့၏...၊

နူတ်​ဖျားက​နေ ဘာစကားမှမ​ပြော​ပေမဲ့
သနားစဖွယ်​မျက်​ဝန်း​လေး​တွေနှင့်ဖခင်​ဖြစ်​သူကို
​ငေးကြည့်​နေရှာတဲ့သားငယ်​​လေးကို
​တောင်းပန်​တိုးလျိုးသလို တစ်​ချက်​ကြည့်လိုက်​ရင်း
ဆက်​ပြီးလှမ်းထွက်​သွားတဲ့ဦး​တေဇမင်း​မောင်​...၊

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now