Wayo-Pov
ထိုင်စောင့်နေရတာကြာတော့ လူလဲညောင်းလာပြီ!! ဘာလို့ဒီလောက်တောင် ကြာနေရတာလဲ မသိဘူး။ ကျွန်တော် ကားထဲက ခြေဆန့် လက်ဆန့်လုပ်ဖို့ထွက်လိုက်တယ်။ လမ်းမှာ လူတွေက သူ့တို့ကိစ္စနဲ့သူတို့ အလုပ်ရှုပ်နေကြတယ်။ ကျွန်တော်တယောက်ပဲ လက်ယားလက်ယား လမ်းမပေါ်မှာ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ . ပြောရရင် စိတ်တိုနေတာပါ၊ ဘာလို့ ကြာနေတာလဲ! ကျွန်တော် အိမ်ပြန်ချင်နေပြီ!! Daddy Companyကို ဒါကြောင့်မလာချင်တာ!!
ကျွန်တော်က တဦးတည်းသောသား ဖြစ်တာနဲ့ပဲ ဒီ Companyကို အမွေဆက်ခံရတော့မှာလား။ စိတ်မဝင်စားပါဘူး!! ကျွန်တော်က အခု အသက် 20တောင်ပြည့်သေးတာ မဟုတ်ဘူး! အိမ်မှာ Gameဆော့မယ်၊ TV ကြည့်မယ် အားရင် ဂီတာတီးမယ်၊ သီချင်းဆိုမယ်။ ဒါတွေပဲ လုပ်နေချင်တာ ၊ အချိန်တန်ရင်တော့ တမျိုးပေါ့ အခုတော့ ကျွန်တော် လွတ်လွတ်လပ်လပ် နေချင်သေးတာ။ ဒါကြောင့်မို့ Condo တစ်ခန်းလောက် ဝယ်ပေးဖို့ ပူဆာမိပါတယ်။ တယောက်တည်းရှိတဲ့ သားကို Companyအရှေ့ ကြီးမှာ အကြာကြီးပစ်ထားတယ်။
စိတ်မရှည်တော့ပါဘူး။ ဝယ်ပေးမှာလား ၊ မဝယ်ပေးဘူးလားဆိုတာကို သွားတွေ့ပြီး မေးတော့မှကို ဖြစ်တော့မယ်။ လူလဲ ကြာရင် နေပူထဲမှာ ငါးခြောက်ဖြစ်နေပြီ! စိတ်တိုတိုနဲ့ Company အရှေ့ အဝင်ဝ လှေကားတွေကို စောင့်ကြီးအောင့်ကြီးနဲ့တက်လာခဲ့တယ်။
" အွန့်...!!"စိတ်တိုတိုနဲ့ လှေကားကိုပဲ ငုံကြည့်ပြီး တက်လာမိတယ် ဟိုဘက်က ဆင်းလာတဲ့သူကို မမြင်ဘဲ ဝင်တိုက်မိကုန်တော့တယ်။ အသိပြန်ဝင်လာပြီး ကြည့်မိတော့ Daddy Companyက ဝန်ထမ်းထင်တယ်! ကျွန်တော်နဲ့ တိုက်မိလိုက်လို့ File ထဲက စာရွက်တွေ ထွက်ကျကုန်တယ်။ ရုတ်တရတ်လေကလဲ တိုက်လိုက်တော့ စာရွက်တွေက ဟိုဒီ လွှင့်ကုန်တော့တယ်။
ကျွန်တော်လဲ အားနာနာနဲ့ တောင်းပန်လိုက်ပြီး စာရွက်တွေ ဝိုင်းကောက်ပေးလိုက်တယ်။
Wayo-- တောင်းပန်ပါတယ်ဗျာ ! မမြင်လိုက်မိလို့ပါ။
" ရပါတယ်! နောက်ဆိုရင်တော့သတိထားပါ၊ တော်ကြာ လှေကားပေါ်က ချော်ကျနေဦးမယ်!!"

ESTÁS LEYENDO
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanficThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...