ရှည်လျားဖြောင့်ဖြူးသော လမ်းမကြီး၏ ဘေးတစ်ဖက်တချက်စီတွင် ယူကလစ်ပင်တန်းတို့က မြင့်မားရှည်လျှားစွာ။ ပြတင်းပေါက်မှန်မှတဆင့် အပြင်သို့ ငေးကြည့်နေလေရာ ယူကလစ်ပင်တို့သည် မြင်ကွင်းထဲမှ ဖျတ်ခနဲ ရိပ်ခနဲ။ မြင်ကွင်းမှပျောက်ကွယ်သွားသော ယူကလစ်ပင်တို့၏ နေရာတွင် တခြား ယူကလစ်အပင်တစ်ပင် အစားထိုးနေရာယူမြဲ။ယူကလစ်ပင်တန်း၏ ဟိုးတဖက်ခြမ်းအလွန်တွင်တော့ တိမ်မျှင်တို့ ငွေဇာကွပ်ထားလေတဲ့ တောင်တန်းပြာသည် မူန်ပျပျ။ ကားအသွားအလာကလည်း ကျဲပါးလျှက်ရှိနေလေရာ ရံဖန်ရံခါဆိုသလို လမ်းမထက်တွင် ဓာတ်ပုံဆင်းရိုက်တဲ့ လူတချို့တို့ကို ဟိုတစ်စု ဒီတစ်စုမြင်နေရသည်။
"ပီ!!!!"
ကားဟွန်းသံမှာ ကျယ်လောင်စွာ ထွက်ေ ပါ်လာရလေရာ သော်လွှမ်းအာရုံမှာ ပျက်ပြားသွားရလေသည်။ ဘေးနားမှာ ကားမောင်းနေတဲ့ ကိုနေမင်းပိုင်ကို မျက်မှောင်ကုတ်ကြည့်လိုက်တော့ နောက်သို့ မေးထိုးပြလေသည်။ သော်လွှမ်း နောက်ကြည့်မှန်မှတဆင့် လှမ်းကြည့်လိုက်တော့ နောက်မှာကျန်ရစ်ခဲ့ပြီဖြစ်တဲ့ ကားလမ်းမ အလယ်ခေါင်တည့်တည့်မှာ ခြေကားယားခွလျှက် ဓာတ်ပုံရိုက်နေတဲ့ လူနှစ်ယောက်။
"နောက်တစ်ခါဆိုဝင်တိုက်ပစ်လိုက်။ရှုပ်တယ်။"
"ငယ်လေးကလည်းကွာ။ စိတ်လျှော့စမ်းပါ။"
သော်လွှမ်းကို ဖြောင်းဖြဖို့ ကြိုးစားလေသလားတော့မသိ။ သူ့အသံကြောင့် ပိုပြီး စိတ်ရှုပ်သွားတာကတော့အမှန်။ စင်စစ် ထိုကိုနေမင်းပိုင်ဆိုတဲ့လူသည် ဖေဖေ့ရဲ့လူယုံတော်သားတပည့်တဖြစ်လဲ သော်လွှမ်းတို့မိသားစုနှင့် ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးခဲ့သူဖြစ်သည်။
မမလေးနှင့် မတိမ်းမယိမ်းအရွယ်ရှိသော ကိုနေမင်းပိုင်ကို အစကတော့ မမလေးနှင့် လက်ဆက်ပေးဖို့အထိ ဖေဖေက ရည်ရွယ်ထားခဲ့သေးသည်။ သို့သော် ရွှေ,ရွှေချင်းထပ်မှ မြတ်တယ်ဟုဆိုပြီး ရိုးသားကြိုးစားတဲ့ ဂုဏ်ကလေးမှအပ တခြားမရှိတဲ့ ကိုနေမင်းပိုင်သည်လည်း အလိုအလျောက် သားမက်လောင်းရာထူးမှ လျှောကျရလေတော့သည်။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)