Chapter 18 "You're Chosen" [U]

7.8K 1.3K 125
                                    

ထိုလူများ၏အဓိက Target မှာချောင်းမင်ရွဲ့ဖြစ်သည်ကိုချန်ယူသိသည်။သူကတော့အတိုင်းအခန့်သင့်လို့ဆွဲခေါ်ခံသွားရသူတစ်ယောက်သာဖြစ်သည်။

""လေးသုံးလုံး,ငါမကောင်းတဲ့ခံစားချက်တွေရနေတယ်""

""Ding, အထင်မှားနေတာဖြစ်မှာပါ""

""သေချာပေါက်မဟုတ်ဘူး"" ချန်ယူ သံသယ သံဖြင့်,
""ချောင်းမင်ရွဲ့မျက်နှာက ချန်ယူရဲ့ချစ်လှစွာသောအချစ်ဦးနဲ့တထပ်တည်းတူနေတာ။ ဘယ်သူရှင်ပြီး ဘယ်သူသေမလဲလို့ multiple choice မေးခွန်းမေးရင်တောင်,ငါကတော့ သေချာပေါက်ကိုသေရမဲ့သူဘဲ""

""ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ ချင်းဖန်ရဲ့ 5* မှတ်ကုန်တာနဲ့ ငါလည်း စိတ်ချလက်ချထွက်သွားလို့ရပြီ""
*evil points

System မှာတိတ်ဆိတ်နေလေသည်။သူ၏ client မှာအသက်အငယ်ဆုံးနှင့် အဆူညံဆုံးဖြစ်သည့်အပြင်,လေကျယ်ရတာကြိုက်သည့် လူငယ်လေးလည်းဖြစ်သည်။သို့သော်မထင်မှတ်စွာဖြင့်,သူ့တွင် အရှင်းလင်းဆုံး ပန်းတိုင်ရှိနေသည်။
Mission တွေ, အဆင့်မြှင့်တင်တာတွေ, အိမ်ပြန်တာမျိုးတွေသည် ဘာမှမဟုတ်ပေ။အရေးကြီးဆုံးမှာ ယခုလက်ရှိတွင်ဖြစ်ပျက်သည့်အကြောင်းအရာသာဖြစ်သည်။ System တွင်လည်း အနာဂတ်တွင်ဘယ်လောက်ထိ ထိုလူငယ်လေးပြောင်းလဲသွားမလဲဆိုသည့်အရာပေါ်တွင် မျှော်လင့်ချက်အနည်းငယ်ထားရှိသည်။

ချန်ယူ စတင်ပျင်းရိလာပြီး သူ့ဘေးရှိအကိုကြီးအားစတင်လေ့လာတော့သည်။ထိုလူတွင် စကားများသည့်မျက်နှာရှိနေပြီး ကြည့်ရတာတော့ တစ်ချက်ကြည့်ရုံနှင့်တင် နှစ်သက်ဖွယ်ကောင်းသည့်ပုံဖြစ်သည်။

""အကိုကြီး,ကျွန်တော် မေးခွန်းလေးမေးလို့ရမလား""

ထိုအကိုကြီးမှာတစ်ချက်ကြောင်သွားပြီး,
""ညီငယ်လေး, မင်းမေးကြည့်""

ချန်ယူ စတင်ပြောလိုက်သည်။
""ကျွန်တော်အနေနဲ့ နှလုံးသားထဲမှာမကောင်းတဲ့အတွေးတွေကြီးစိုးနေတဲ့ လူတစ်ယောက်ကိုသိတယ်ဗျ။သူ့ကိုဘယ်လိုများ ကူညီပေးလို့ရမလဲ""

ထိုအကိုကြီးဆိုသူသည် ဆက်လက်ကြောင်အမ်းသွားသည်။ ""ဒါဆိုလည်းသူ့ကို ကောင်းမွန်နဲ့အရာတွေကိုပြပေးပြီး လှပတဲ့အရာတွေကို ထိတွေ့ခိုင်းကြည့်ပေါ့။ မျှော်လင့်ချက်တွေနဲ့ နှလုံးသားလေးနူးညံ့လာတာနဲ့အမျှ, အဲ့လိုမကောင်းတဲ့အတွေးတွေလည်း လျော့ပါးလာမှာဘဲလေ""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now