Chapter 12 "An Ugly Person" [U]

8.6K 1.3K 80
                                    

Er-ye = Second Master (second son of a powerful family) = address for Qin Feng (ML).

ချန်ယူ၏ ဆေးစစ်ချက်အဖြေစာရွက်မှာထွက်လာခဲ့သည်။ သွေးအားနည်းရောဂါ,အာဟာရ ချို့တဲ့သည့်ရောဂါ,အစာအိမ်ရောဂါ...အစရှိသဖြင့်ရောဂါများစွာရှိနေသည်။ သို့သော်လည်း ချန်ယူကတော့ လုံးဝ စိတ်မဝင်စားပေ။ယခုလက်ရှိခန္ဓာကိုယ်သည် သူ၏ခန္ဓာကိုယ်မဟုတ်သည့်အတွက်, ယခု mission ပြီးသည့်အချိန်အထိစောင့်ရုံသာဖြစ်သည်။ ထို့ကြောင့် ထိုရောဂါအခြေအနေများအား ချီးတောင်လှည့်မပေါက်။

""Er-ye, ကျွန်တော်တို့အခုဘယ်သွားနေတာလဲ?""

ထိုအမေးအား ပြန်မဖြေဘဲ Qin Feng (ချင်းဖန် )မကြားချင်ယောင်ဆောင်နေသည့်အတွက် ချန်ယူလည်း သူခေါင်းကို ပြန်လှည့်လိုက်ပြီး ကားမှန်အပြင်ဘက်မှ မြင်ကွင်းများကိုသာ ကြည့်နေလိုက်တော့သည်။
Qin Feng (ချင်းဖန်)၏ကား《GOLD》 Main ဝင်ပေါက်သို့ရောက်သည့်အခါတွင်တော့ ချောမောလှပသည့် ကောင်ငယ်လေးများ၏ ကြိုဆိုမှုကို ခံရတော့သည်။

GOLD ၏ ဒုတိယ မျက်နှာဖုံး ဖြစ်လာရန်အတွက်,ချောမောလှပသည့် ရုပ်ရည်ရှိရုံနှင့် မလုံလောက်ဘဲ ခန္ဓာကိုယ်အချိုးအစားကအစ အခြားသူများ အပေါ်ဝန်ဆောင်မှုပေးသည့်အဆုံး အစစအရာရာကောင်းမွန်ရန် လိုအပ်သည်။

ထိုဝင်ပေါက်မှ ချောမောလှပသည့် ကောင်ငယ်လေးများ၏ အကြည့်များကတော့ ချန်ယူ.....ဘေးရှိ Qin Feng (ချင်းဖန်) အပေါ်တွင် ကော်ကပ်ထားသကဲ့သို့ဖြစ်နေသည်။

ချန်ယူ ထိုကောင်ငယ်လေးများ၏ Adam's apple များ လှုပ်ခါသွားပြီး ခက်ခက်ခဲခဲနဲ့ တံထွေးများမြိုချနေသည်မှာ,နှစ်ပေါင်း ရှစ်ရာကျော်လောက် အစာရေဆာငတ်ပြတ်နေတဲ့အသားစားသတ္တဝါများအလားဖြစ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

""သွားကြမယ်""

ထိုအသံမှာ သူ့ခေါင်းထက်မှ ပေါ်ထွက်လာပြီးနောက် ချန်ယူလည်း နောက်ကနေထပ်ကြပ်မကွာ လိုက်သွားတော့သည်။တကယ်ကို သူ့ထပ်အရပ်မြင့်သည့် လူများအား လုံးဝသဘောမကျပေ။ဒါ့အပြင် အရပ်မြင့်သည့်သူများ စကားပြောလိုက်လျှင် သူတို့ရဲ့ အသံတွေက အထက်ကနေ အောက်ကိုကျလာသလိုမျိုး ခံစားရသည့်အတွက်ဖြစ်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now