Chapter 11.2 "He felt like crying"[U]

6.1K 1.1K 106
                                    

ကန်တင်းတွင်ကျွေးသည့်အစားအစာများသည်ယေဘုယျစကားလုံးများဖြင့်တောင်မဖော်ပြနိုင်ပေ။မူလခန္ဓာကိုယ်ပိုင်ရှင်သည် ငယ်ရွယ်သည့်အချိန်ကတည်းကထောင်ကျခဲ့ခြင်းဖြစ်ပြီး သူ၏ဆွေမျိုးမိတ်သင်္ခါများလည်း အစောကြီးထဲကတည်းက သူကိုမေ့သွားခဲ့ပြီးဖြစ်သဖြင့် အစားအသောက်တောင်းခံရန်မှာလုံးဝကိုမဖြစ်နိုင်တော့ပေ။

ပြင်းထန်စွာတိုက်ခိုက်ရသည့်ရန်ပွဲများကိုသာအားကိုး၍အခြားသူများထံမှ အစားအသောက်များကိုလုယူလေ့ရှိသည်။
အချို့သောထောင်သားများသည် ကြွယ်ဝချမ်းသာသည့်မိသားစုမှလာသည့်လူများဖြစ်သလို အချို့မှာလည်း မိသားစုရှိသေးသည့်လူများဖြစ်သည့်အလျောက် သူတို့၏မိသားစုများသည် အသည်းနှလုံးသား,အဆုတ်များယားယံသည်အထိ ဂရုစိုက်ပံ့ပိုးပေးကြသည်။

ချန်ယူ၏ ယခုညစာတွင် အပိုအစားအစာတစ်ခုပါဝင်သည်။ထိုအရာမှာ ကောင်းမွန်စွာနှပ်ထားသည့်အမဲသားဖြစ်သည်။ထောင်ထဲသို့ဒုတိယအကြိမ်ဝင်လာသည့်ထောင်သားကတော့အထာနပ်ပြီး ရှင်သန်ရမည့်နည်းလမ်းများကိုသိထားသည်။ထို့ကြောင့်အစောကြီးကတည်းက နှစ်ခွက်စာမှာ၍ တစ်ခွက်ကို Boss ကိုလာဘ်ထိုးပြီး ကျန်တစ်ခွက်ကိုတော့ သူဘာသူစားသောက်လေသည်။

အမဲသားနံ့လေးသည် ချန်ယူကို မကြာခဏမျက်ရည်များဝေ့ဝဲလာစေသည်။သူအနေနှင့် အသင့်စားခေါက်ဆွဲခြောက်ထုပ်သည်အဲ့လောက်ထိအနံ့အရသာနှင့်ပြည့်စုံလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။

တံထွေးကိုမြိုချလိုက်ပြီး,အကယ်၍များသာ ဝက်ပေါင်ခြောက်နှင့် အရသာရည်စိမ်ထားသည့်ကြက်ဥပေါင်းပါ ပါဝင်ပါက ပို၍တောင်ကောင်းမွန်သွားလိမ့်မည်။

အသားနံ့သည် ဘေးပတ်ဝန်းကျင်ရှိထောင်သားများကိုလောဘကြီးလာစေသည်။သူတို့သည် အားငယ်သေးကွေးသည့်သူများအပေါ်အနိုင်ကျင့်ကြသော်လည်း အားကြီးသည့်သူကိုတော့ကြောက်ကြသည်။ထို့ကြောင့် ချန်ယူလက်ထဲမှအမဲသားခေါက်ဆွဲပြုတ်ကို မလုယက်ရဲသည့်အတွက် ပါးစပ်ထဲသို့ ရေလုံပြုတ်ဂေါ်ဖီဖတ်ကိုသာကြိတ်မှိတ်ထိုးသွင်းနေရသည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now