Chapter 4"This is a big misunderstanding"[U]

7.1K 1.2K 107
                                    

မနက်ခင်းရောက်သည့်အခါ, Area တစ်ခုလုံး၌ သတင်းများစွာပျံ့နှံ့လာခဲ့သည်။တစ်နေ့က Room 16 ထဲသို့ရောက်လာသည့် အသစ်သည် နိုင်လိုမင်းထက်ပြုမူခြင်းကို Area တစ်ခုလုံးပြောင်းပြန်လှန်သည်အထိမရပ်တန့်ခဲ့ပေ။ထိုနည်းတူစွာနှင့်ဘဲ,မနေ့ညက မျက်နှာလေးတစ်ခုထဲနဲ့တင် အမျိုးသားများအားလုံးကို သတ်ပွဲများ,လုယက်ပွဲများဖြစ်ပွားစေနိုင်သည့် ထောင်ပန်းကလေးကိုလည်း Room 17 မှကြိုဆိုခဲ့သည်။

ယခုလက်ရှိကာလတွင်တော့, အကိုကြီးဖေးသည် ထိုထောင်ပန်းကလေးကိုရယူရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။ Room 17 ထဲမှဒါဇင်လောက်ရှိသည့်လူများ၏ပုံစံမှာ ငိုချင်နေသော်လည်း မျက်ရည်မကျနိုင်ပေ။
အကိုကြီးဖေး ah, ဘာလို့များအဲ့ကောင်လေးကို အကို့နေရာဆီမြန်မြန်မခေါ်သွားနိုင်ရတာလဲ? ခေါ်သွားပြီးသာလုပ်လိုက်ပါတော့,ကျွန်တော်တို့တော့တကယ်မလုပ်နိုင်တော့ဘူး။

ချန်ယူ ထိုလူများ၏ပြင်းထန်လှသည့်လျှောက်ထားချက်များကိုခံစားမိလိုက်သည့်အတွက် သူနားလည်သည့်ကြောင်းထုတ်ဖော်ပြသလိုက်သည်။

ချောမောလှပသည့်ကောင်ငယ်လေးနှင့်တစ်ခန်းထဲအတူတူနေရခြင်းမှာ,မြင်သာမြင်ပြီး မကြင်ရသည့်ဘဝမို့,သိပ်ကိုမှရင်နာစရာကောင်းလှသည်။

""Dao Ba,ငါမင်းကို ဒီကညီငယ်လေးကိုစောင့်ကြည့်ပေးဖို့အတွက်တာဝန်ပေးခဲ့မယ်""

""အားယို့,အကိုကြီးဖေး,ကျွန်တော်......အဲ့ဒါမျိုးကအကိုကြီးလုပ်တာပိုကောင်းမယ်ထင်တယ်""

ချန်ယူ လျှို့ဝှက်စွာ နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး,ငါ့မှာလည်း အတွင်းထဲမှာ သိပ်ကိုမှနူးညံ့တဲ့ဝိဉာဉ်လေးရှိတာမို့ ငါလည်း အရမ်းကြောက်လွယ်တယ်,အိုခေလား?

""မဖြစ်နိုင်ဘူး။ဝါဒါကလည်းအခုဒီမှာမရှိသေးဘူးဆိုတော့ ကျန်တဲ့သူတွေကလည်းသေချာပေါက်ဂရုစိုက်မှာမဟုတ်ဘူး။နောက်ထပ်နှစ်ရက်လောက်ထိတော့ စောင့်ကြည့်လိုက်ကြရအောင်""

Dao Ba သူ့ခေါင်းသူကုတ်ရင်း,
""အကိုကြီးဖေး,အဲ့ကောင်လေးကြည့်ရတာအရမ်းကိုမရှင်းမလင်းနဲ့,သူ့စကေးကလည်း အရမ်း...အရမ်းထူးဆန်းလွန်းတယ်""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now