Chapter 10 "I don't eat the original flavor" [Z]

6.3K 585 30
                                    

ချန်ယူ အပြင်ထွက်ပြီးကာမှ Qin Feng အခန်းထဲ သူမဝင်နိုင်ဖူးဆိုတာ အမှတ်ရလိုက်သည်။ သူအနေနဲ့,နံရံတွေကို ဖြတ်ပြီးလည်း မလျှောက်နိုင်သလို,ခြင်ဘဝပြောင်းပြီးလည်း ပျံသန်းမသွားနိုင်ဘူး,ပြီးတော့ ကိုယ်ဖျောက်ပြီးလည်း မသွားနိုင်ဘူးဆိုတော့ အထဲကို သူဘယ်လိုဝင်မလဲ?

ချန်ယူ အကြံအိုက်စွာ ခေါင်းကုတ်ရင်း,

""လေးသုံးလုံး, မင်းမှာ အကြံဥာဏ်လေးများရှိသလား?""

444, ""Ding, ကျွန်တော်သော့ဖန်တီးပေးနိုင်ပါသည်""

ချန်ယူ ပျော်ရွှင်စွာဖြင့် သူ့အင်္ကျီအိတ်ကပ်လေးခုစလုံးကို ရှာဖွေလိုက်ချိန်မှာတော့ သော့မပြောနှင့် ချီးတောင်မရှိပေ,""ဘယ်မှာလဲ?""

""Ding,အရင်ဆုံး ရှေ့လကစာလုံးရေတစ်ထောင်အစီရင်ခံစာပေးပါ"

Chen You, ""...""

""ငါအခုလုပ်စရာရှိသေးတယ်, နောက်မှပေးလို့မရဘူးလား""

တုံ့ပြန်မှုမရှိပေ။

ချန်ယူ နံရံဘက်ကို မျက်နှာစိမ်းကြီးနှင့် မျက်နှာမူလိုက်ပြီး ထိုအချိန်ကခံစားချက်များအား ပြန်တွေးနေရသည်။စာလုံးလေးလုံးထဲနဲ့ အကျဉ်းချုပ်လို့ရသည်မှာ--အလွန်အမင်းသာယာလှသောခံစားမှုဆိုပြီး။

ထို့နောက် ထိုစာသားအားခွဲလိုက်ပြီး ကြားထဲတွင် စာလုံးပေါင်းများစွာဖြင့် အကျယ်ဖြန့်ပြီးပြန်ရေးလိုက်သည်။သို့သော်လည်း အဆင့်မမှီပေ။

"ဘာလို့လဲ?"

""Ding, စာပေအဆင့်မမှီပါ""

""မင်းမေကြီးတော်မို့...နွေဦးအိမ်မက်လိုဆေးမျိုးကို
စာတတန် ပေတတံတင်ပြပြီး ရေးပေးရအုန်းမှာလား?"" ချန်ယူ ရှုံ့မဲ့ရင်းမေးလိုက်တယ်,
"" တကယ်ကိုသောက်လုပ်ရှုပ်တာပါလား""

""နေအုန်း,ငါစဉ်းစားလိုက်အုန်းမယ်!""

ချန်ယူ သူ့ဦးနှောက်တစ်ခုလုံးကို အလုပ်ပေးလိုက်ပြီး သင့်တော်စီစစ်သည့်စကားလုံးများကို စတင်တွေးတောတော့သည်။

""အဲ့အချိန်ခဏတာကာလအတွင်းတွင်,ကျွန်တော့်၏ မြီးညှောင့်ရိုးတစ်လျှောက် မီးကဲ့သို့သော ပူပြင်းမှုကို ခံစားလိုက်ရသည်။ကျွန်တော်လောင်ကျွမ်းနေသည်,အရမ်းကိုပူပြင်းတာမှ ခန္ဓာကိုယ်တစ်ခုလုံး ကျိုက်ကျိုက်ဆူနေသည့် မီးတောင်ဖိုထဲ ပစ်ချခံလိုက်ရသလိုပင်။""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now