Chapter 16"It's over"[U]

6.3K 1.1K 178
                                    

မင်း ကောင်းကင်ပေါ်ကနေ ကန်ချခံလိုက်ရတဲ့ ဝမ်းနည်းပူဆွေးမှုကို သိသလား?
ထိုအခြေအနေသည် ချန်ယူ၏ယခုလက်ရှိအနေအထားတိုင်းခံစားနေရသည့် စိတ်ခံစားချက်ဖြစ်သည်,လူများကတောင် သနားကရုဏာဖြစ်စေသည်အထိ ခါးသက်မှုကိုခံစားနေရသည်။

ကြမ်းပြင်ပေါ်တွင် လှဲနေရင်း,နှလုံးသားထဲမှ မျက်ရည်များ တွင်တွင်စီးကျကာ လှုပ်ရှားချင်စိတ်လေး နည်းနည်းတောင်မရှိပေ။

ချုးထျန်း၏ဘေးတွင် ချန်ယူလှဲနေသည်,အနေအထားတူသော်လည်း စိတ်အခြေအနေကတော့ မတူညီပေ။ချုးထျန်း သည်သူ့ဘေးတွင်ရှိနေသော လူသေကောင်နှင့်မတူ,သူ၏နှလုံးသားမှာ ပြင်းထန်စွာခုန်ပေါက်နေပြီး,တဒုတ် ဒုတ်ဆိုသည့် နှလုံးခုန်သံ အကျယ်ကြီးကိုတောင်
ကြားနေရသည်။
သူအနေနှင့် တစ်ခါမှ အဲ့လောက်ထိကို ပရမ်းပတာမခံစားခဲ့ရဘူးပေ။

လမ်းလျှောက်သည့်ခြေသံသည် တဖြည်းဖြည်းချဉ်းကပ်လာပြီးနောက်,ချန်ယူ အရှေ့တွင် ရပ်တန့်သွားတော့သည်။ချန်ယူ မျက်လုံးဖွင့်ကြည့်လိုက်ချိန် မြင်ကွင်းထဲဝင်လာသည့် လူငယ်လေးကို မြင်တွေ့လိုက်ရသည်။
ထိုလူငယ်လေး ချောမောမှုသည် စကားလုံးများဖြင့်တောင် ဖော်ပြရန် မစွမ်းသာပေ။

ချန်ယူ နှုတ်ခမ်းနှစ်လွှာမှာ ဖွင့်လိုက်,ပိတ်လိုက်ဖြစ်နေသည်,မျက်နှာအမူအရာမှာလည်း ဝမ်းနည်းနေသည့်ရုပ်ဖြစ်နေသည်။အတန်းဖော်ဟဲ,ငါတို့အနေနဲ့ gēgē နဲ့ dìdì ဖြစ်ကြဖို့ကို သဘောတူထားကြတယ်လေ။
ဘယ်လိုဖြစ်ပြီး အခုလိုဖြစ်သွားရတာတုန်း? gēgē ကမင်းအပေါ်ကိုများ ကောင်းကောင်း မဆက်ဆံခဲ့ဘူးလို့
လား?

ဟဲစီးယန် အမြင့်ကနေ ငုံ့ကြည့်လိုက်ပြီး,သူ၏မျက်ဝန်းများမှာ နက်မှောင်နေသည့်အတွက်,ကြည့်မိသည့်လူတိုင်းကို ကြောက်ရွံမှုကြောင့် ဖိမ့်ဖိမ့်တုန်သွားစေသည်။
ကြမ်းပြင်ပေါ်မှ အမျိုးသားကို ကျော်ခွလိုက်ပြီး,အနီးရှိ သစ်ပင်ဆီသို့လျှောက်သွားလိုက်သည်။ထို့နောက် လက်တစ်ဆုပ်စာအပြည့်ရှိသော နှင်းများကို ကုန်းကာဆုပ်ယူလိုက်ပြီး ပြန်လာခဲ့သည်။

အေးစက်လှသောအရှိန်အဝါသည် ချန်ယူတစ်ကိုယ်လုံးကိုပိတ်လှောင်လိုက်ပြီး,ချက်ချင်းကို တိုက်ပိတ်ခံလိုက်ရသလိုပင်။ချန်ယူမျက်စိရှေ့မှာတင် လူငယ်လေးသည် ဆောင့်ကြောင့်ထိုင်၍,ချန်ယူ၏မျက်နှာအား လက်တစ်ဆုပ်စာအပြည့်နှင်းများဖြင့် ကြမ်းတမ်းစွာပွတ်တိုက်တော့သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now