Chapter 20"Er-ye,hope to see you again" [U]

10.3K 1.5K 393
                                    

ချင်းဖန် ခွဲစိတ်ခန်းဝင်ပြီးချိန်တွင်တော့,ချောင်းမင်ရွဲ့ သူပေါ်လာဖို့အကောင်းဆုံးအချိန်ကိုရှာတွေ့သွားသည်။
ချန်ယူကတော့ ချင်းဖန်၏ပိုက်ဆံအိတ်ဖြင့် အပြင်သို့ခိုးထွက်ကာ ကိုလာတစ်ဗူးဝယ်သောက်လိုက်သည်။ထို့နောက် ကျောရိုးမရှိသည့်အလား မှီရင်း

""လေးသုံးလုံး,ငါအခုသေမတတ်ကြောက်နေတယ်""

""Ding, ကျွန်တော်မမြင်မိပါ""

""ငါတို့ကောင်းကောင်းမွန်မွန်စကားပြောလို့မရဘူးလား။တစ်ချက်ကြည့်တာနဲ့တင် မင်းမှာသူငယ်ချင်းတစ်ယောက်မှ မရှိမှန်းသိတယ်""

ချန်ယူ ကိုလာကိုမော့သောက်လိုက်ပြီး,
""ခုနကဖြစ်ရပ်က,ကျည်ဆံတွေ,သေနတ်တွေနဲ့ အမဲရောင်အပြည့်ဝတ်ထားတဲ့လူဆိုးတွေ, tsk tsk, ရုပ်ရှင်ကားတောင်အဲ့လောက်မိုက်မယ်မထင်ဘူး""

System, ""..........""
ခုနကလေးတင် သေမတတ်ကြောက်နေတယ်လို့ ဘယ်တစ္ဆေ သရဲ ပြောခဲ့တာလဲ?

ဆေးကုသဆောင်ထဲမှာတော့, လေထုမှာအတော်လေးထူးဆန်းနေသည်။ ဆေးရုံကုတင်ဘေးတွင် ချောင်းမင်ရွဲ့ရပ်နေပြီး ဘယ်ဘက်မျက်နှာမှာဖူးယောင်ကိုင်းနေသည်။ဤသည်မှာ ချောင်းမင်ရွဲ့ warhouse ထဲကထွက်ထွက်လာချင်း ချင်းဖန်ပါးရိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။

""Er-ye, Old Pengအဖမ်းခံရပြီလား?""

ချင်းဖန် မျက်လွှာပိတ်ထားရင်း,""အင်း""
လို့ပြန်ဖြေလိုက်သည်။

ချောင်းမင်ရွဲ့၏အသံမှာပိုမိုပေါ့ပါးသွားပြီး,
""ကောင်းတာပေါ့""

ထို့နောက် နှုတ်ခမ်းစုလိုက်ပြီး ပြောလိုက်သည်။
"" Er-ye, ဦးဒီတစ်ခေါက် ဒဏ်ရာရသွားတာ ကျွန်တော့်အပြစ်လည်းပါပါတယ်""

""ကျွန်တော်သာ ချန်ယူကို ညစာစားဖို့မခေါ်ခဲ့ရင်....""

ချင်းဖန် ရုတ်တရပ်ဖြတ်ပြောလိုက်တယ်။
""မင်းမွေးထားတဲ့လူယုံတွေကအတော်လေးကောင်းတာဘဲ""
ချောင်းမင်ရွဲ့မျက်နှာမှာချက်ချင်းကို ဖြူဖျော့သွားတော့သည်။

ထို့နောက်လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဒါဆိုဒီအမျိုးသားကအစောကြီးထဲကသိနေပြီးသားပေါ့ ဒါပေမဲ့လည်း အဲ့ဒါကအရေးမပါတော့ပါဘူး။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now