Chapter 8 "You are the biggest" [U]

10.1K 1.3K 50
                                    

Qin Feng မော်နီတာရှေ့ မတ်တပ်ရပ်နေပြီး အခန်းထဲရှိ ဗလကြီးနှစ်ကောင်အားအပြင်ထွက်စေလိုကြောင်း လက်ဝှေ့ပြလိုက်သည်။ ထိုနှစ်ယောက်ထွက်သွားသည့်အခါ တံခါးလည်းပိတ်သွားခဲ့သည်။
ထို့နောက်မော်နီတာမှ တဆင့်,ကလူကျီစယ်၍ မပြတ်မသားနှင့် အရသာတွေ့နေသည်အသံများ အခန်းတွင်းပျံ့နှံ့သွားတော့သည်။ထိုအသံများမှာ အတော်မသတ်နိုင်ဘဲ One-man show ကျင်းပနေသလားဟုတောင်ထင်မှတ်ရသည်။

ဆေးလိပ်အား ပါးစပ်ထဲခဲရင်း, Qin Feng ဖြည်းဖြည်းချင်း ဆေးလိပ်ငွေ့တွေမှုတ်ထုတ်ကာ သိပ်ကိုရမ္မက်ကြီးမားလှတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအား ဆေးလိပ်ငွေ့တွေကြားမှကြည့်လိုက်သည်။ သူ၏ ခဲရောင်ဘောင်းဘီရှည်အောက်တွင်တော့ ဖောင်းနေသည့်အရာတစ်ခုလည်းရှိနေသေးသည်။ အခုချက်ချင်း အပေါ်ထပ်တက်ပြီး ထိုအမျိုးသားငယ်လေး၏ ခြေထောက်များအား ဆွဲဖြဲနိုင်ပင်မဲ့...သူမလုပ်ခဲ့ပေ။ထိုကဲ့သို့သောအပြုအမူက မှားယွင်းနေသည့်အတွက်ဖြစ်သည်။

[T/N Gentleman ပေါ့:3]

အကယ်၍ စိတ်ပိုင်းဆိုင်ရာရမ္မက်က သူ့ကိုသူမထိန်းချုပ်နိုင်တော့သည်အထိခံစားရမည်ဆိုရင်တောင် သူအနေနှင့် ထိုလူငယ်အား ဒီတိုင်းထားမည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် မဖြေရှင်းရသေးသည့်ကိစ္စများကျန်ရှိနေသေးသည့်အတွက်ဖြစ်သည်။

ယခုအခါတွင်လည်း သူအနေနဲ့ မဖြေရှင်းနိုင်သည့် ကိစ္စတစ်ခုကို ထပ်မံရှာတွေ့ခဲ့ရပြန်ပြီ။
Qin Feng အနည်းငယ် မှီချလိုက်ပြီး စောင့်ကြည့်ကင်မရာမှ တစ်ဆင့် screen ကိုဖောက်မြင်ရသည့်အလား ကြည့်လိုက်သည်။သူ၏ မျက်စိသူငယ်အိမ်ထဲတွင် မျက်လွှာအားတင်းကြပ်စွာပိတ်ထားပြီး အဆက်မပြတ်ရှိုက်၍ ခါးသက်စွာငိုကြွေးပြီး ခြေရောလက်ပါမကျန်ဆတ်ခနဲဆတ်ခနဲ တုန်ရီနေသည့် လူငယ်လေးတစ်ဦးကိုမြင်တွေ့နေရသည်။ Qin Feng အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီးနောက် ရီမောလိုက်တော့သည်။
မူးယစ်ဆေးစွဲနေတာကို ပြန်လည်ထူထောင်တာကလည်း ပုံမှန်ထက်ကျော်လွန်နေတတ်တာဘဲလား။
စိတ်ဝင်စားစရာဘဲ။
。。。

တစ်လကြာပြီးချိန်တွင်တော့, ချန်ယူ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အကြိမ်အတော်များများ ခေါင်းအစခြေအဆုံး ဆေးကြောခံရပြီးနောက် ထိုအခန်းထဲမှ သယ်မခံရကာ အခြားအခန်းတစ်ခုဆီသို့ ပြောင်းရွှေ့ခံခဲ့ရသည်။
သူအပိတ်ခံထားခဲ့ရသည့်အခန်းနှင့် မတူဘဲ,လက်ရှိအခန်းမှာ အတော်လေးကို ကြီးမားကျယ်ဝန်းပြီး,ပရိဘောဂအပြည့်အစုံနှင့် အခန်းတွင်လေထုကအစ မွှေးပျံ့၍သက်တောင့်သက်သာရှိလှသည်။
သိပ်ကို ဇိမ်ရှိလှပါလား။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now