Chapter 3 "Daydreaming" [Z]

9K 719 28
                                    

""မင်းကတကယ်ဘဲ Zhou Yi (ကျိုးရိ) လား?""
Xiao Hong မေးလိုက်သည်။
[Zhou Yi = တနင်္လာ]

""ဒါပေါ့...အင်္ဂါလည်းမဟုတ်သလို ဗုဒ္ဓဟူးလည်းမဟုတ်ဘူး။ သောကြာရော စနေ တနင်္ဂနွေပါ မဟုတ်တာ""
ချန်ယူဘက်က အေးဆေးပြန်ဖြေလိုက်သည်။

Xia Hong မျက်ဆံလန်ပြလိုက်ပင်မဲ့လည်း သူအခုထကိုအံ့ဩနေဆဲဘဲ။ သူ့မျက်စိရှေ့ကလူက ရုတ်တရပ်ကြီး ဥာဏ်အလင်းရသွားတဲ့သူတစ်ယောက်လိုမျိုး
ပြောင်းလဲသွားသည့်အတွက်ဖြစ်သည်။

""အကို Qiang ကခွင့်ပြုလိုက်တာနဲ့ဘဲ မင်းဒီစီးပွားရေးကို အပိုင်စားရသွားပြီး မှတ်မနေနဲ့""
Xiao Hong အနားကိုလျှောက်လှမ်းသွားရင်းပါးစပ်မှလည်း "" ငါမင်းကိုပြောမယ်..ဒီညအဲ့တံခါးကိုဝင်နိုင်ဖို့အတွက် လူပေါင်းများစွာက သူတို့ရဲ့ဦးနှောက်တွေကိုနည်းမျိုးစုံနဲ့ ညစ်ထုတ်ပြီး ခွေးကိုယ်ပေါ်မှာရှိတဲ့ သန်းတွေထက်တောင်များတဲ့ လှည့်ကွက်တွေအသုံးပြု
ကြရတယ်ဆိုတာ သိလား။ ဒါကြောင့် မင်းတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တောင် ငါလှည့်ကြည့်မှာမဟုတ်ဘူး""

ချန်ယူက အေးဆေးစွာဖြင့် ""ငါတို့ဘယ်အချိန်သွားကြမှာလဲ?"" ဟုမေးလိုက်သည်။
ထိုအခါမှ Xia Hong ကပြန်စိုက်ကြည့်လိုက်ပြီး
""ဘာတွေအလျင်လိုနေတာလဲ!""
လို့ပြန်ပြောလိုက်တယ်။ Xia Hong သူမိတ်ကပ်ကိုဖျက်ပြီးဝတ်ဖို့အတွက် အဝတ်အစားကိုသေချာရွေးချယ်လိုက်သည်။ ထို့နောက် သိက္ခာမရှိတဲ့အပျက်ကောင်ပုံစံကနေ ချက်ချင်းကို သန့်ရှင်းပြီး ဖြူစင်တဲ့ တက္ကသိုလ်ကျောင်းသားပုံစံလေးဖြစ်သွားတာဘဲ။

""နုံအပြီးဖြူစင်ရိုးသားတဲ့ကျောင်းသားပုံစံလေးကမှ လူတွေကို အကြမ်းဖက်ပြီးစော်ကားစေချင်တဲ့စိတ်အ
ဖြစ်ဆွပေးနိုင်တယ်ဆိုတာ မင်းသိလား?""

အခြားသူများ၏သမာဓိကို ဆွသည့်အလား အင်္ကျီကော်လံကို သေချာညှိ၍ သူရဲ့ ဖြူဝင်းပြီး သွယ်လျတဲ့ လည်တိုင်လေးကိုဖော်ပြကာ Xia Hong ပြောလိုက်သည်။

""《Gold》 ကိုလာတဲ့ ဧည့်သည်တွေထဲမှာ အများစုက ဝက်တွေလိုမျိုး ဝတုတ်ပြဲပြီး အဆီတဝင်းဝင်းထနေတဲ့ သူဠေးတွေချည်းဘဲ။ ငါက အထာနပ်နေပြီ""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now