Chapter 2.2 "I'm Already Dead" [U]

11.8K 1.6K 39
                                    

ထို့ကြောင့် ချန်ယူ Xia Hong နှင့် အကိုQiang နားသို့တိုးကပ်သွားလိုက်သည်။ Xia Hong ကတော့ မျက်လုံးတွေတောင် အရည်လဲ့နေပြီး နှုတ်ခမ်းဖျားများတောင်တုန်ရီကာ အကို Qiang ၏လက်ကို ကျေးဇူးရှင်အလား ဆုပ်ကိုင်၍
"" အကို Qiang, အကို ကျွန်တော့်အပေါ်အရမ်းကောင်းတာဘဲ""

""Fighting!"" အကိုQiang က Xia Hong ဖင်ကိုပုတ်လိုက်ပြီး ""အလုပ်ကြိုးစားရမယ်နော်....နင်သာဒီညအောင်မြင်ခဲ့ရင် Gold ရဲ့နံပါတ်တစ်က နင်ဘဲ""

Xia Hongအဆက်မပြတ်ခေါင်းညိမ့်ပြလိုက်ပြီးနှုတ်မှလည်း ""ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့!""ဟုအဆက်မပြတ်ပြောလေသည်။
ထိုအချိန်အသံတစ်ခုထွက်လာကာ
""အကိုQiang, ကျွန်တော်လည်းသွားလို့ရမလား?"" ဟုမေးလိုက်သည်။
ထိုအခါမှ အကို Qiang လည်းသူ့ဘေးကလူကိုမြင်၍ချက်ချင်းကို တစ်ပြိုင်နက်ရွံစရာတွေ့သည့်အလားနှာခေါင်းရှုံလိုက်ပြီး ""နင်ကလား?"" ဟုပြန်မေးလေသည်။
ချန်ယူ စီးကရက်ကို သူနောက်ပစ်ချလိုက်ပြီးဖနှောင့်ပေါက်ကာမီးသတ်၍
""ဟုတ်ပါတယ် ကျွန်တော်ပါ""လို့ဖြေလိုက်တယ်။

""LuLu လိုခန္ဓာကိုယ်သေးသေးကွေးကွေးလေးနဲ့
သွယ်လျတဲ့ခါးပိုင်ရှင်လေးက လေတိုက်လိုက်တာနဲ့တစ်ချက်ထဲလဲကျသွားမဲ့ပုံစံမျိုးလိုမျိုး ...""
အကို Qiang ပျင်းရိစွာနဲ့ ချန်ယူကိုကြည့်လိုက်ပြီး
""နင့်ကိုယ်နင်ရောမှန်ထဲပြန်ကြည့်ဖူးရဲ့လား။ ဘယ်နားမှာများသွယ်လျနေသလဲဆိုတာ?""

""ကျွန်တော်က အသားပေါ်အရေတင်တဲ့အထိပိန်တယ်လေ""
[T/N LoL]

ဘေးက Xia Hong လည်းထောက်ခံဟန်နှင့်
""ဟုတ်တယ် မင်းရဲ့အရိုးတွေက ကြီးတယ်""

""...............""

ချန်ယူ အကိုQiang ဘက်ပြန်လှည့်လိုက်ပြီးသိပ်ကိုမှ စိတ်ရင်းမှန်သည့်အသံမျိုးသုံးရင်း
""အကိုQiang,ကျွန်တော် မနက်ဖြန်ဆိုအိမ်ဌားခပေးရတော့မှာ။ အသက်ကလည်း ၃၀နားနီးနေပါပြီဗျာ။ဒီနှစ်တွေမှာလည်းအရာအားလုံးကို Gold အတွက်ပေးဆပ်ခဲ့တာပါ။
ဒါကြောင့် ကျွန်တော့်ကို နောက်ဆုံးအနေနဲ့အခွင့်အရေးလေးများ မပေးနိုင်ဘူးလား""

Xia Hong တင်မက အကိုQiang တောင်အံ့ဩသွားရသည်။အရင်ကဆို Zhou Yi(ကျိုးရီ)က လူတိုင်းကို အေးတိအေးစက်နဲ့အမြဲလိုလိုနှိမ်ချင်တဲ့ပုံစံမျိုးကြည့်လေ့ရှိတယ်။ဒီနေ့တော့ သူကြည့်ရတာသိပ်ကိုမှနှိမ့်ချထားပြီး ကြည့်ရုံတင်လမ်းဘေးမှာလုံးဝအိပ်ပစ်တော့မဲ့အနေအထားမှာရှိနေတယ်။
အကိုQiang လည်းနောက်ဆုံးတော့ ပစ္စည်းတစ်ခုကိုအကဲဖြတ်သကဲ့သို့ကြည့်လာခဲ့တယ်။
ချန်ယူကိုကြည့်လေလေ သူခေါင်းခါမိလေလေဘဲ။ အကိုQiang ရဲ့စကားတွေကလည်း ဒဲ့တိုးဆန်ပြီး ပြတ်သားလှတယ်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now