Chapter 10"Just you wait"[U]

6.7K 1.1K 110
                                    

ချန်ယူ ပူအိုက်မှုကြောင့် နိုးထလာခဲ့သည်။သူမျက်လုံးနှစ်လုံးဖွင့်လိုက်ချိန်,သူ့ကိုကြည့်နေသည့် မျက်လုံးလေးလုံးကိုတွေ့လိုက်လေသည်။
""မင်းတို့နှစ်ကောင်ဒီမှာဘာလုပ်နေတာလဲ?""

သုန်းဇီရော,လောင်ယွီပါ ဝမ်းချုပ်နေသည့်မျက်နှာဖြင့်, Boss, ကျွန်တော်တို့ပြောချင်တာက ဒီနေ့မနက်ကျွန်တော်တို့နိုးနိုးခြင်း, Boss ရဲ့လက်မောင်းတွေထဲမှာ ချောမောလှပတဲ့လူငယ်လေးကို ထည့်ထားပြီးအိပ်နေတဲ့ပုံက,အရမ်းကိုမှ လှတာဘဲလို့။

""" Boss, မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား?""

""ငါမနေ့တစ်ညလုံးအိပ်ပျော်နေတာ"" ချန်ယူ သူ့မျက်နှာကိုပွတ်ကာ မတ်တပ်ထရပ်လိုက်သည်။
""ဟိုကောင်လေးဘယ်မှာလဲ?""

""အိမ်သာထဲမှာ""

ထောင်တံခါးနားတွင်ရှိနေသည့် အကျဉ်းသားများကတော့ ခြေထောက်အကြောလျှော့တန်လျှော့,ခါးလေ့ကျင်ခန်းလုပ်တန်လုပ်ဖြင့် ကြည့်ရတာတော့ မကြာခင်ဆေးလိပ်သောက်ကြတော့မည့်ပုံပင်။
ချန်ယူ အိမ်သာတံခါးသွားခေါက်လိုက်သည်။ဟဲစီးယန်အထဲမှပြန်ထွက်လာချိန်တွင် သူ၏ထောင်ဝတ်စုံကိုပြန်လည်ဝတ်ဆင်ပြီးသွားလေသည်။

ချန်ယူ နှလုံးသားထဲမှ မပီသပြုလိုက်သည်,အဲ့လောက်တောင်ရွံသလား,ဘရို,မင်း မနေ့ညက ငါ့တံထွေးတွေဘယ်လောက်တောင်အများကြီးစားလိုက်မိသလဲဆိုတာတော့ မသိဘူးမလား။

မနက်ခင်းအစောပိုင်းတွင်,ကိုယ်ခန္ဓာအောက်ပိုင်းတစ်ခြမ်းသည် သိပ်ကိုမှလိုက်လျောညီထွေးဖြစ်နေပြီး အပေါ်သို့တစ်ဝက်ထောင်တက်နေခြင်းမှာ ပရမ်းပတာဆန်လှသည်။ထို့ကြောင့် ချန်ယူ စိတ်ထဲမှမတွေးဘဲ ပြောချလိုက်မိသည်။

""မရေမရာနဲ့အချိန်ဖြုန်းမနေနဲ့,မင်းကမိန်းမလှလေးလည်းမဟုတ်ဘူး။နောက်မှာလူတွေအများကြီးအခုထိစောင့်နေကြတုန်း!""

အလွန်တရာကိုအရှက်ရသွားပြီး,အိမ်သာထဲသို့ဝင်ရန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားသည်မှာ သူ၏
လက်ကိုအဆွဲမခံရခင်အထိဖြစ်သည်။ ချန်ယူ နောက်ဘက်ကိုလုံးဝပြန်လှည့်မကြည့်ဘဲ ကလေးကိုချော့သည့်လေသံဖြင့်ပြောလိုက်သည်။
"" Gē သေးအရင်သွားပေါက်အုန်းမယ်,ဟုတ်ပြီလား,ပြီးမှ မင်းနဲ့အတူကစားပေးမယ်နော် ah""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now