Chapter 7 "What is he doing?" [U]

9.9K 1.3K 47
                                    

""မင်း ဆေးလိုချင်လား,"" Qin Feng သူ့ခြေထောက်အောက်မှာလဲကျနေတဲ့ ဆံပင်အနက်ရောင်နဲ့ကောင်ငယ်လေးကို အုပ်မိုးကြည့်လိုက်ပြီး လက်ဖြင့်မှေးကိုမကာ ""ဒါမှမဟုတ် ဒီတံခါးကနေ အပြင်ထွက်ချင်လား?"" ဟု မေးလိုက်သည်။

""ထွက်...အပြင်ထွက်ချင်တယ်...""

ချန်ယူ မျက်နှာတစ်ခုလုံး စာရွက်ဖြူကဲ့သို့ဖျော့တော့နေပြီး,""ကျွန်တော် အဲ့တံခါးပေါက်ကနေ အပြင်ထွက်ချင်တယ်!""ဟု အော်ဟစ်လိုက်တယ်။
မျက်မှန်အနောက်က Qin Feng၏ မျက်လုံးတွေကတော့ မှေးကျဉ်းသွားသည်။

""ကောင်းတယ်""

သူ၏အသံမှာ အတော်လေးကိုအောပြီးအနိမ့်သံကျသည်။ ထို့အပြင်လိမ္မာသည့်ကလေးငယ်ကိုကြည့်သည့်အလား ခပ်မှိန်မှိန်အပြုံးတစ်ခုဖြင့်
"" ဒါဆိုလည်း မင်းဒီတံခါးကနေအပြင်ကိုထွက်နိုင်တဲ့တစ်နေ့ကျမှ ကိုယ်တို့ စကားပြန်ပြောကြတာပေါ့""

""ကောင်းတယ်"",ချန်ယူ ၏မျက်နှာမှာ သွေးများပေကျံနေသော်လည်း အံကြိတ်ရင်း,""ကျွန်တော် သေချာပေါက်ကို အပြင်ရအောင်ထွက်ပြမယ်""

ချန်ယူမှေးကိုမထားသည့် လက်ကို ဆွဲဖယ်လိုက်ပြီး အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါထုတ်ကာ သူ့လက်ကို သူပြန်သုတ်လိုက်သည်။ ""ကိုယ်စောင့်ကြည့်ရတာပေါ့""

ချန်ယူ အနေနှင့် ခါးကိုင်းကာ မှေးကိုမော့ထားသည့်အတွက် Qin Feng လက်ဖယ်လိုက်ချိန်မှာတော့ ကြမ်းပြင်ပေါ်ကျသည့်အရှိန်ကို မထိန်းချုပ်နိုင်တော့ဘဲ နှာရိုးနှင့် ကြမ်းပြင် တိုက်ရိုက်မိတ်ဆက်သွားရတော့သည်။

""Er-ye, ကျွန်တော် မှားသွားပါတယ်""

Qin Feng ငုံ့ကြည့်လိုက်တယ်။

""တကယ်တော့, ဦးရဲ့ နည်းလမ်းတွေက..."", သွေးစီးကြောင်းများပြည့်နေသည့် သွားများအား ပြုံးဖြဲပြပြီး လက်မ ထောင်ကာ, "" အရမ်းကောင်းပါတယ်""

Qin Feng ကတော့ မျက်ခုံးများ တွန့်ချိုးသွားပြီး လှည့်ထွက်သွားတော့သည်။
ချန်ယူ သည် ဆေးဖြတ်ရန်အတွက် ပြန်လည်ထူထောင်ရေးစခန်းဆီသို့တောင်ပို့ဆောင်၍ ကုသမှုမခံယူရဘဲ အခန်းထဲတွင်သာ အပိတ်ခံထားရသည်။ ဤသည်မှာ Qin Feng သူ့ကိုပေးသည်တစ်ခုတည်းသော အခွင့်အရေး, တံခါးဝကို အလောင်းအဖြစ်ဖြတ်ကျော်မလား (ဒါမှမဟုတ်) အသက်ရှင်လျက်ထွက်မလားဆိုတာဘဲဖြစ်သည်။
ချန်ယူ ခြေတွေ လက်တွေကိုတောင် ဆက်လက်မထိန်းချုပ်နိုင်တော့ပေ။ Qin Feng ဘက်ကလည်း အခန်းထဲရှိစားပွဲပေါ်တွင် ဆေးထိုးတွေအကုန်တင်ထားဖို့ အစေခံများအား ခိုင်းစေထားသည်။ အဲ့နည်းလမ်းက တကယ်ကိုရှင်းလင်းပြီး ရက်စက်လှတဲ့သွေးဆောင်ဖျားယောင်မှုတစ်ခုဘဲ။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now