Chapter 9 "Ready to set off" [U]

9.4K 1.2K 98
                                    

လေထုတစ်ခုလုံး ကို့ယိုးကားယားဖြစ်သွားသည်။
Tang Jue ကတော့, အိမ်သာအိုးအားမှီထားရ၍ ဘယ်ညာတောင် မကြည့်နိုင်တော့ဘဲ မျက်လုံးတွေမှာလည်း ပြူးကျယ်နေတော့သည်။
သူအနေနဲ့ ဘယ်လိုမှကို စဉ်းစားလို့မရဘူး, လမ်းပေါ်မှာ အဲ့ပိန်ခြောက်ခြောက်မျောက်လိုကောင်*တွေ ဒါဇင်နဲ့ချီပြီး ရှိနေတာကို သူ့ဦးလေးက အဲ့မျောက်ကို ဘာ
ကြည့်ပြီးများ သဘောကျသလဲ?
[ပိန်ခြောက်ခြောက်မျောက်=ချန်ယူ]

သာမန်လူတွေအနေနဲ့ ဉာဏ်မမှီနိုင်တဲ့ အတွင်းစိတ်ကြောင့်များလား? ဖြစ်နိုင်လောက်တယ်။
ဥပမာ ပြောရရင်တော့,လူတိုင်းအတွက် 'မင်းကအရမ်းကို သာလွန်ကောင်းမွန်နေပြီး ပြစ်မျိုးမှဲ့မထင်ဖြစ်နေတာဆိုတော့, မင်းနဲ့ယှဉ်နိုင်တဲ့နောက်တစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်လေ။

[T/N ရုပ်အရမ်းချောရင် ရုပ်ဆိုးတဲ့သူနဲ့ညားတတ်တယ်:3]

Tang Jue စူးစမ်းလိုစိတ်အပြည့်ဖြင့် သူ့ဦးလေး ဘောင်းဘီခွကြားအား လှမ်းရှိုးလိုက်သည်။
ဘယ်လောင်တောင်များကြီးလို့လဲ? ပြီးတော့ ကြည့်အကောင်းဆုံးဆိုတော့...ဘယ်လောက်တောင်များကြည့်လို့ကောင်းနေလို့လဲ? ပန်းတွေပေါက်နေတာလား ဒါမှမဟုတ် ဘောနောက်တစ်လုံးအပိုပါနေတာများလား?

Tang Jue ရေခဲတစ်မျှအေးစက်သည့်အကြည့်အား ခံစားလိုက်ရသည့်အတွက် ဇက်ချက်ချင်းကို ပုကျသွားပြီး ချန်ယူ နောက်သို့ ဝှစ်ခနဲ ဝင်ပုန်းလိုက်တော့သည်။ ချန်ယူလည်း ဘေးရှောင်လိုက်သည်, Hehehe, သူအနေနဲ့ ဒိုင်းဖြစ်ဖို့ကို ငြင်းဆိုပါသည်။

Tang Jue အံ့ကြိတ်ကိုလိုက်ပြီး,စိတ်ထဲမှလည်း, What the hell, ဒီကောင်က သူ့ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်မဲ့အခွင့်အရေးမယူဘူးလား, Qiao MingYue တစ်ဝက်လောက်တောင် ဦးနှောက်ပါပုံမရဘူး!
ချန်ယူထံမှအငြင်းခံလိုက်ရသည့်အတွက် Tang Jue မျက်နှာတစ်ခုလုံး စိမ်းတစ်လှည့် နီတစ်လှည့်ဖြစ်ကာ ပိုလို့ပင်အရှက်ရလာသည်။
ချန်ယူလည်း မထူးမခြားပါဘဲ။
သူနှလုံးသားထဲမှာ လျှို့ဝှက်ချက်လေးတစ်ခုရှိနေတာဖြစ်ပြီး, သူအနေနဲ့ ဌက်များကြည့်ရသည်ကို သဘောကျသည်။သို့သော်လည်း အခြားသူများကို ထိုအကြောင်းမပြောပြချင်ပေ။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now