Chapter 19.2"It's disgusting"[U]

5.9K 1.1K 154
                                    

ချန်ယူ စိတ်ထဲမှ system ကို ထိုခန့်ငြားသည့်အမျိုးသား၏ ကိုယ်ရေးကိုယ်တာအချက်လက်များကို စုံစမ်းမေးမြန်းလိုက်သည်။
အတိတ်ကာလများကလိုပင်, system တရားဝန်ပြန်လည်ဖြေကြား ပြောဆိုသည်မှာ သူ့တွင်ထိုကဲ့သို့သောလုပ်ဆောင်ခွင့်အာဏာမရှိပါဟူ၍ဖြစ်သည်။

ချန်ယူပြောလိုက်သည်,
""လေးသုံးလုံး,ငါမင်းအတွက် သီချင်းဆိုပြပါ့မယ်""

System ကြည့်ရတာ သိပ်ပြီးတော့ နားထောင်ချင်ပုံမရပေ သို့သော်လည်း ငြင်းဆန်သည့်ပုံကိုတော့
မပြသ။

မှန်ပါသည်,ချန်ယူသည် ဘက်စုံကျွမ်းကျင်ထူးချွန်သည့် လူငယ်လေးဖြစ်သည့်အလျောက်, Breakdance ကို ကောင်းမွန်စွာ ကနိုင်ရုံ တင်သာမက,သီချင်းများကိုလည်းကောင်းစွာ သီဆိုနိုင်လေသည်။
အကယ်၍သာ သူအနေနှင့်ထိုအချိန်တုန်းက ဝင်ခွင့်စာမေးပွဲ၌ ငိုနိုင်ခဲ့ပါက,အနုပညာတက္ကသိုလ်သို့ သေချာပေါက်ဝင်ရောက်နေပြီး, လှပသည့် မြင်ကွင်းများကိုခံစားနိုင်မည်မှာ အမှန်ဖြစ်သည်။

သီချင်းသုံးပုဒ်ကို ဆိုပြပြီးချိန်မှာတော့,ချန်ယူ system ကို မူးဝေစေကာ,နောက်ဆုံးတော့ သူလိုချင်သည့်အရာကို ရသွားလေသည်။

မသက်ဆိုင်သည့် စိတ်ထိခိုက်ဖွယ်ရာနောက်ကြောင်းအချို့ကို လျစ်လျုရှုလိုက်ပြီးနောက်,ထိုခန့်ငြားချောမောသည့် အမျိုးသားသည် Zhang Yan ဟုခေါ်ကြောင်းသိလိုက်ရသည်။သူအနေဖြင့် နိုင်ငံခြားမှမကြာသေးခင်က ပြန်လာသည့်သူဖြစ်ပြီး,Zhou မိသားစုနှင့် အဆက်အဆံရှိလေသည်။ ပြောရမည်ဆိုပါက,Zhang Yan သည် ဟဲစီးယန် သတ်လိုက်သည့် သခင်လေး Zhou ၏ဦးလေးဖြစ်သည်ဟုတောင် သတ်မှတ်လို့ရသည်။

သူဒီကိုလာတာ ဟဲစီးယန်ကြောင့်များလား?

ချန်ယူ နောက်နေသည့်လေသံတစ်ခုတစ်လေတောင်မပါဝင်သည့် သနားစရာအသံကိုအသုံးပြု၍,
""လေးသုံးလုံး,မင်းငါ့ကို ထပ်စုံစမ်းဖို့ ကူညီပေးပါလား?""

တစ်အောင့်အကြာတွင်,system ထံမှ စက်ရုပ်ကဲ့သို့
အသံထွက်ပေါ်လာလေသည်။
""သေချာအောင်လေ့လာစိစစ်ထားပြီးပါပြီ။ Zhang Yan တွင် target အားသတ်ချင်နေသည့်ရည်ရွယ်ချက်မရှိပါ""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now