Chapter 2.1 "I'm Already Dead"[U]

13.7K 1.6K 14
                                    

《Gold》ထဲသို့ဝင်သွားလိုက်သည်နှင့် သိပ်ကိုထူထဲလွန်းသည့်အမွှေးရနံ့များကြောင့် ချန်ယူအသက်ရှူပိတ်လုနီးနီးတောင်ဖြစ်သွားရသည်။

ဒီနေရာကသာ မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဉာဏ်ထဲမှ အလုပ်လုပ်သည့်နေရာ မဟုတ်ခဲ့လျှင် တစ်ချက်ကြည့်မိရုံနှင့် ရှေးခေတ်မှ စာပေပညာရှင်များ အတွက်ကဗျာများ စာချိုးများအလွတ်တန်း ရွတ်ဆိုဖတ်ပြရန်နှင့် စာပေအတွေးအခေါ်များ ဖလှယ်ပြိုင်ဆိုင်သည့်နေရာဟု ထင်မှတ်မိမှာ အမှန်ဖြစ်သည့်အတွက် နေရာတစ်ဝိုက်အား ကြောင်တောင်တောင်ဖြင့်လျှောက်ကြည့်နေမိသည်။
ထို့နောက် ချန်ယူ သူကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ့၏ဦးတည်ရာနေရာ (တစ်နည်းအားဖြင့်) လေးလွှာသို့အမြန်ရောက်နိုင်ရန် ဓာတ်လှေကားခလုတ်အားနှိပ်လိုက်သည်။

《Gold》၏ အလွှာတစ်လွှာချင်းစီသည် မတူညီသည့် ဝန်ဆောင်မှုများဖြင့်ဖွဲ့စည်းထားသည်။
အပေါ်ထပ်ကိုရောက်လေလေ အလွန်တရာကိုမှ ရွံစရာကောင်းတဲ့ကစားနည်းတွေ နဲ့ ကစားရတဲ့ဝန်ဆောင်မှုမျိုးကိုမှလိုချင်တဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေလာရောက်သလို ကစားခံရတဲ့သူတွေရဲ့ အခြေအနေကလည်း ပိုပိုကောင်းလာလေဘဲ။
ထိပ်ဆုံးအလွှာကတော့ ရွံစရာကောင်းတဲ့ကစားနည်းတွေကိုသာ အသုံးပြုတဲ့ဒိတ်ဒိတ်ကြဲ Boss တွေကို
ဖျော်ဖြေဖို့အတွက် သီးသန့်ပြုလုပ်ထားတာ။
အဲ့အခန်းထဲကို ဝင်နိုင်ရင် gold မှာအလုပ်လုပ်နေတဲ့ဘယ်သူမဆို 《Gold》 ရဲ့နံပါတ်တစ်...
(မဟုတ်ရင်တောင်)မကြာခင်မှာ သေချာပေါက်ကို နံပါတ်တစ်ဖြစ်လာမဲ့သူဘဲ။

မူလခန္ဓာကိုယ်ပိုင်ရှင်ပထမဆုံးအလုပ်လုပ်ကိုင်သည့်နေရာမှာ 3 လွှာတွင်ဖြစ်သော်လည်း သူ၏လုပ်ကိုင်ရည်တိုးတက်မှုကြောင့် မန်နေဂျာမှ သူ့အားအပေါ်လွှာပို့ပေးခဲ့သည်။ သို့သော်လည်း လုပ်ကိုင်ရည်ညံ့ဖျင်းလာသည်အတွက် မကြာခင်မှာဘဲ ကန်ထုတ်ခံရတော့လေသည်။ ဘယ်လိုပင်ဖြစ်ပါစေ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အသိမိတ်ဆွေအချို့မှာ လေးလွှာတွင်ရှိနေဆဲဖြစ်သည်။
ထိုလေးလွှာတွင်ရှိသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီမှာလည်း သူမတူတမူထူးခြားသည့် ကိုယ်ပိုင်အရည်အချင်းကိုယ်စီရှိသည့် အတွက် တစ်ယောက်ကိုတစ်ယောက်လည်း မနာလိုရှုစိမ့်ဖြစ်စရာမလိုပေ။
ကံကောင်းစွာနှင့် Chen You (ချန်ယူ) private room ထဲမှလူတစ်ယောက်ထွက်လာသည်ကိုခပ်လှမ်းလှမ်းမှမြင်လိုက်ရသည်။ထိုသူ၏သားရေအကြပ်သားဘောင်းဘီမှာ တင်ပါးနားတွင်တင်းကြပ်စွာဖြင့် ရစ်ပတ်ထားသည့်အတွက် တစ်လှမ်းလျှောက်တိုင်း တင်ပါးတစ်ခုလုံး လုံးဝန်းစွာ ကြွတက်လာကာ အတော်လေးအပျက်ဆန်လှသည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now