Chapter 8"I'm very pure and simple"[U]

6.6K 1.1K 203
                                    

Ch 8 - I’m very pure and simple

ထောင်သားများ ထောင်ထဲသို့စတင်ဝင်ရောက်လာသည့်အခါ၌ များလှစွာသောအကြောင်းပြချက်မျိုးစုံဖြင့် အခြားအခန်းထဲသို့ ပြန်လည်ရွှေ့ပြောင်းရခြင်းသည်ပုံမှန်ဖြစ်သည်။သို့သော် ဒီတစ်ကြိမ်ရွှေ့ပြောင်းခြင်းကသာလျှင် အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။

သုံးရက်တာတိုက်ပိတ်ခံပြီးနောက်,အပြင်သို့ပြန်ထွက်လာကာ ပုံမှန်အင်အားပြန်မရမချင်းလှဲအိပ်နေသည့်ပုံသည် ဘာကိုမှမမှုသည့်ပုံပင်။ Room 15 ထဲမှလူများကတော့ shock ရကုန်ကြသည်။

ထိုလူငယ်လေးကိုကြည့်ရသည်မှာ ပိန်ပါးသွယ်လျပြီး အရပ်မြင့်ကာ,သန့်ရှင်းကြည်လင်၍ ဖြူစွတ်သောအသားရည်ရှိသည်။ ဘယ်သူကများ အဲ့လိုလူငယ်လေးဆီမှာ လူလို့တောင်သတ်မှတ်လို့မရနိုင်တဲ့ ခွန်အားတွေရှိနေမယ်လို့တွေးမိပါ့မလဲ။ထို့အပြင် ဟဲစီးယန်ကိုယ်တိုင်လည်း သူကိုယ်သူမတွေးမိပေ။

တိုက်ပိတ်ခန်းထဲမှပြန်ထွက်လာချိန်,သူအနေဖြင့် ကုန်းပေါ်ရောက်ကာ နေခြောက်လှမ်းခံရတော့မည့် ငါးတစ်ကောင်လိုသေခြင်းတရားနှင့်မျက်နှာချင်းဆိုင်ရတော့မည်ဟုခံစားခဲ့ရသည်။ သို့သော် ထိုအမျိုးသား၏လက်ထဲသို့လွှဲပြောင်းခံလိုက်ရပြီးနောက် ပါးစပ်ခြင်းထိကပ်၍တစ်ခုခုကိုသောက်သုံးလိုက်ရချိန်တွင်,ခန္ဓာကိုယ်မှာ အဆုံးအစမရှိသည်အထိ ခွန်အားများတိုးပွားလာခဲ့သည်။
မယုံကြည်နိုင်လောက်စရာအရှိန်ဖြင့်,ခြေလက်နှင့်ခန္ဓာကိုယ်ရှိအရိုးများအားလုံးအတွင်းသို့စိမ့်ဝင်သွားပြီး သွေးကြောများထဲသို့ဖြတ်သန်းကာအချိန်မရွေးပေါက်ထွက်မတတ်ပင်။
သူသတိပြန်လစ်မသွားခင် ဘာဖြစ်ခဲ့သလဲဆိုသည်ကိုပြန်စဉ်းစားလိုက်ချိန်,ဟဲစီးယန်၏သွေးမရှိသောနှုတ်ခမ်းများမှာတစ်လွှာဖြင့်တစ်လွှာတင်းကြပ်စွာဖိကပ်သွားသည်။လျှာထိပ်ဖျားကနေစ၍ ပါးစပ်တစ်ခုလုံး၌သာမက အစာအိမ်နှင့် အူများပါမကျန်,သူနှင့်မသက်ဆိုင်သည့် အငွေ့သက်များမှာစွန်းထင်းနေပြီး သူ၏ဦးနှောက်အတွင်းကိုပါသက်ရောက်နေလေသည်။

ဟဲစီးယန်ဘေးရှိ,ချန်ယူကတော့အိပ်ယာထက် ခြေနှစ်ချောင်းချိတ်ရင်း စဉ်းစားနေသည်မှာ သူ၏ဖခင်နှင့် ကောလိပ်အိပ်ဆောင်ရှိ သူ့ညီလေးသုံးယောက်အပြင်,အတန်းထဲမှချစ်စရာကောင်းသည့်ညီမလေးဖြစ်သည်။အထူးသဖြင့်ကတော့ နွေရာသီဌက်နှစ်ကောင်အတူတူပျံသန်းခဲ့ကြသည့် အံ့ဩဖွယ်ရာအချိန်များဖြစ်လေသည်။
ထိုအချိန်ရုတ်တရပ်လေအေးများခံစားလိုက်ရသည့်အတွက် ထခုန်လိုက်မိသည်။ရလဒ်ကတော့,ခြေထောက် ထောက်တာလွှဲသွားသည့်လူတစ်ယောက်အတွက် ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်ဗိုင်းကနည်းလဲကျသွားတော့သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now