Chapter 3"I'll protect you" [U]

7K 1.2K 101
                                    

စိတ်မခိုင်သည့်လူများ၊နှလုံးရောဂါအခံရှိသူများအား ကျော်ဖတ်ရန် Warning ပေးပါသည်။အကယ်၍ဖတ်မည်ဆိုပါက မိမိသဘောသာဖြစ်၍ မိမိအပေါ်၌သာမူတည်ပါမည်။



He Siyang (ဟဲစီးယန်)
၏အသက်မပြည့်သေးသည့်ညီမငယ်လေးမှာ မုဒိန်းအကျင့်ခံခဲ့ရပြီးနောက်သတ်ပစ်ခံရကာ တောအုပ်ထဲသို့ အပိုင်းပိုင်းဖြတ်တောက်၍ လွှင့်ပစ်ခံခဲ့ရသည်။ထိုဖြစ်ရပ်တွင်သံသယရှိသည့် တရားခံ၏နောက်ခံမိသားစုမှာထင်ရှားကျော်ကြားပြီး မြင့်မားသည့်နိုင်ငံရေးအသိုင်းဝိုင်းထဲကဖြစ်သည့်အတွက် ထိုလူသတ်မှုဖြစ်ပြီးခဲ့တာတောင်မှ တရားခံသည် သူနှင့်ဘာမှမသက်ဆိုင်သည့်အလား ခါတိုင်းလို သောက်စားလိုက်ပျော်ပါးလိုက်သာလုပ်နေသည်။

ဘဝတွင်မောင်နှမနှစ်ယောက်သာရှိခဲ့ပြီး ငယ်ကတည်းတစ်ဦးအပေါ်တစ်ဦးမှီခိုခဲ့ရသည့်အတွက် သူ၏ညီမလေးအသတ်ခံခဲ့ရသည့်ဖြစ်ရပ်သည် ဟဲစီးယန်၏ဘဝကြီးတစ်ခုလုံးကို ပျက်ဆီးသွားစေခဲ့သည်။
အမှုမှန်ပေါ်ပေါက်လာစေရန် ၂နှစ်လုံးလုံး ပူဆွေးသောကရောက်မှုများ,မခံမရပ်နိုင်လောက်သည့်နာကျည်းမှုများစွာနှင့်,ခါးသီးသည့်ခံစားချက်များကြားနစ်မွန်းရင်း စောင့်ဆိုင်းခဲ့သည်။
သို့သော် ရက်စက်သည့်လက်တွေ့ဘဝသည် ဟဲစီးယန်အား လူ့ဘောင်အဖွဲ့အစည်းအပေါ်ယုံကြည်မှုမရှိစေတော့သလို,ဥပဒေနှင့်စည်းမျဉ်းများအပေါ်တွင်လည်းယုံကြည်မှုမရှိစေတော့ပေ။ထို့အပြင် မကောင်းတာလုပ်လျှင်မကောင်းတာဖြစ်မည်,ကောင်းတာလုပ်လျှင်ကောင်းတာဖြစ်မည်ဆိုသည့်သဘောတရားကိုပင် မယုံကြည်တော့ဘဲ ကမ္ဘာကြီးတစ်ခုလုံးကိုပါ မယုံကြည်တော့ပေ။

အမှုမှာဖြစ်ရပ်မှန်ပေါ်ပေါက်ရန်မျှော်လင့်ချက်မရှိတော့သည်ကို သိလိုက်ရသည့်အခါ, ဟဲစီးယန် သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းရန်ရွေးချယ်လိုက်သည်။လဝက်ကြာပြီးချိန်န်၌,တရားခံနှင့် သူ၏သူငယ်ချင်းများပြောနေသည့် စကားဝိုင်းကိုကြားခဲ့ရပြီးနောက် ဖြစ်ပျက်ခဲ့သမျှကိုသိခဲ့ရသည်။နာကြည်းမှုတွေ,ပူဆွေးသောကရောက်မှုတွေကို နေ့နေ့ညညခံစားခဲ့ရပြီး နေ့ရက်တိုင်းလိုလိုကိုဖြတ်သန်းခဲ့သည်။ သို့သော်တစ်နေ့သောအခါ၌, အခွင့်ရေးရရှိခဲ့သည်။ထို့ကြောင့် ထိုအမျိုးသားကို သူကိုယ်တိုင် သူ့လက်နှစ်ဖက်ဖြင့် လူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ထို့အတွက် သူအနေနှင့် လူသတ်မှုဖြင့်ထောင်ကျခဲ့ခြင်းဖြစ်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now