Chapter 19.1"It's disgusting"[U]

6.2K 1.2K 111
                                    

ပြန်သွားသည့်လမ်းတစ်လျှောက်တွင်,ချန်ယူ၏ဘောင်းဘီမှာပိုလို့တောင်စိုနေသေးသည်။ ကံကောင်းစွာဖြင့်,အခြားသူများသည် အနီးကပ်စောင့်ကြည့်နေခြင်းမဟုတ်သည့်အတွက် မမြင်ရခြင်းဖြစ်သည်။
ဟဲစီးယန်၏ဘောင်းဘီတွေကတော့ စိုမနေပေ။ထို အစားသူ၏ဂျက်ကတ်ကသာလျှင်ချန်ယူ၏သရေများကြောင့်စိုရွဲနေသည်။ သူ့ကြည့်ရတာ အတွေးနက်နဲနေပြီး တစ်ခုခုကိုစဉ်းစားနေသည့်ပုံပင်။

ချန်ယူ ရုတ်တရပ် ရပ်ကာ,မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ဟဲစီးယန် သူ၏ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး
""တစ်ခုခုဖြစ်လို့လား?""ဟုမေးရန် ခါးကုန်းလိုက်သည်။

ချန်ယူ ကြည့်ရတာ မအီမသာဖြစ်နေပုံရသည်,
မပြောပြချင်ဘူး...

ဟဲစီးယန် တစ်ခုခုကိုခံစားမိလိုက်သည်။ထို့ကြောင့် သူ၏နှုတ်ခမ်းဖူးလေးများကို တစ်ခုနှင့်တစ်ခုစေ့ရင်း
ပြောလိုက်သည်။""ကျွန်တော် ကျောပိုးမယ်""

""ငါကျောပိုးတာကမှ ပိုကောင်းသေးတယ်""
ချန်ယူပြန်ပြောလိုက်သည်။
""မင်းငါ့ပေါ်ကိုတက်ပြီးသာ ကာထားပေ,အခန်းကို မြန်မြန် ပြန်ကျမယ်""

ဟဲစီးယန်,ချန်ယူပြောသည့်အတိုင်းလိုက်လုပ်လိုက်သည်။

ချန်ယူ၏ခန္ဓာကိုယ်သည် သန်မာကြံ့ခိုင်ပြီးအရပ်ရှည်သည်,ထို့ကြောင့် လူငယ်လေးကို သူ၏ကျောပေါ်တွင်တင်ကာ ကျောပိုးရသည်မှာ မခက်ခဲပေ။အခက်ခဲမရှိ ကျောပိုးကာလျှောက်လှမ်းနေသည့်ပုံမှာ,ကလေးငယ်ကိုချီပိုးထားသည့်အမေကြီးနှင့်တောင်တူနေသေးသည်။

အခန်းထဲသို့ရောက်သည့်အခါ,ချန်ယူ သူ၏လေးလံလှသော ဘောင်းဘီကိုချွတ်ချ၍,ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
ဟဲစီးယန် ချက်ချင်းကိုကောက်ယူသွားတော့သည်။

သုံးညဆက်တိုက် မအိပ်ရသည့်အခါ,ချန်ယူ ဟဲစီးယန်၏စွမ်းဆောင်မှုကို ဂန္ဓာပန်းဆေးရည်အကူအညီနှင့်တောင်မှ တောင့်ခံမထားနိုင်တော့ပေ။

သုန်းဇီနှင့်လောင်ယွီတို့ပင်,Boss ချီးပန်းနေသလားဟုမေးမြန်းရသည်အထိဖြစ်သည်။အကယ်၍သာ သူအနေနှင့်လှဲလျောင်းမနေပါက,
အိမ်သာသို့အမြဲသွားလေသည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now