Chapter 25"Classmate He,hope to see you again"[U]

9.5K 1.3K 358
                                    

ကျန်သည့်အလုပ်သမားများသည် နောက်ပြောင်ပြောဆိုရန်စကားဝိုင်းအဖြစ်သို့ ကူးပြောင်းလာကြသည်။

မင်းကတကယ့်ကို ရူးမိုက်တဲ့လူငယ်လေးဘဲ,
မင်းရဲ့ဘိုးဘေးဘီဘင်တွေရဲ့ ကောင်းချီးပေးမှုကြောင့်
အဖိုးတန်သမီးပျိုလေးက မင်းအပေါ်ကိုဒီလောက် သဘောကျနေတာ။ တကယ်ဆို မင်းနဲ့ သူနဲ့က သူငယ်ချင်းကောင်းတောင်
ဖြစ်နိုင်သေးတာဘဲဟာ။
အဲ့လိုဆိုလည်းကောင်းတာဘဲမဟုတ်ဘူးလား?
အဲ့ဒါကို ဘာလို့ သူမကို ငိုယိုပြီး
ထွက်ပြေးသွားအောင် လုပ်လိုက်ရတာတုန်း?

ချန်ယူ ဟီးဟီး ဟုရီလိုက်သည်။

နောက်ကမ္ဘာကျရင်တော့,ငါတကယ်ကို ရုပ်ဆိုးမှဖြစ်မယ်။အဲ့ဒါမှ အခုလို
ဒုက္ခမျိုးတွေနဲ့ မကြုံတွေ့ရမှာ။

ထိုအချိန် ဘယ်ဘက်မှ အော်ခေါ်သံထွက်ပေါ်လာလေသည်။ ""အကိုကြီးရေ,အကိုကြီးကို ဒီမှာတစ်ယောက်ယောက် လာရှာနေတယ်!""

ချန်ယူ စိတ်ရှုပ်သွားသည်, ""ဘယ်သူလဲဟ?""

ထိုအမျိုးသားပြောလိုက်သည်,
""ချောမောတဲ့လူငယ်လေးတစ်ဦး""

ချန်ယူ ဗလာဖြစ်သွားသည်,
ငါ့ထက်တောင် ချောတယ်တဲ့လား?

အကွာအဝေးတစ်ခုလောက်ကနေပြီး,
မြေတူးစက်ဘေး၌ မတ်တတ်ရပ်နေသည့် အရပ်မြင့်မြင့်လူတစ်ယောက်ကို မြင်လိုက်ရသည့်အခါ ချန်ယူ မျက်လုံးပြူးသွားတော့သည်။

ထိုအမျိုးသားမှာလည်း ချန်ယူနှင့်နည်းတူ မျက်လုံးများပြူးကျယ်သွားသည်။

ချန်ယူ သူ၏ခြေလှမ်းများကို ဆန့်ကျင်ရာသို့ ပြန်လှည့်လိုက်သည်,damn,သူရဲ့စိတ်အခြေအနေက ပိုလို့တောင် ဆိုးရွားသွားသည်။

ချုးထျန်း အလျင်အမြန်ရှေ့သို့ လျှောက်လှမ်း၍,အရှေ့မှအမျိုးသားကို လှမ်းဖမ်းလိုက်သည်။ထို့နောက် မျက်မှောင်ကြုံလိုက်ပြီး,""ဘာလို့ ခင်များကိုယ်ခင်များ အလုပ်ကြမ်းသမားလို လုပ်ထားရတာလဲ?""

ထိုမှတ်ချက်သည် ချန်ယူ၏ဒဏ်ရာကို ဆားသိပ်လိုက်သလိုဖြစ်သွားသည်။
""အလုပ်ကြမ်းသမားကရော ဘာဖြစ်နေလို့လဲ?မင်းမကြိုက်ရင်,လာမနေနဲ့""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now