Chapter 5 "Cinnabar Mole" [U]

10.6K 1.4K 112
                                    

ချန်ယူ, သူ၏ အမှောင်ဖုံးနေသော စိတ်သည် အသိအာရုံအားခဏတာ လွတ်ထွက်သွားစေသည်။ထို႔ကြောင့် ထိုအရာနားသို့တိုးကပ်ရင်း သေချာစွာ ဘယ် ညာ အသေအချာလေးကို စိုက်ကြည့်လိုက်တယ်။
ဒီဌက်ကအတော်လေးကို ကျန်းမာတဲ့အရောင်ရှိပြီး ပုံပန်းသဏ္ဋာန်ကလည်း အတော်လေးလှပတာမှ ထိပ်တန်းအဆင့်ဌက်လို့တောင်ပြောလို့ရတာဘဲ။
ထို့အတွက် သူအနေနှင့်အကူအညီမဲ့စွာနှင့်ဘဲ လက်ဆန့်ထုတ်ကာ ထိုဌက်ခေါင်းအား ကိုင်တွယ်မိလိုက်တော့သည်။

ဌက်တွင်လည်း အနေအထားရှိသည်။ဤသည်မှာ သင့်အနေနှင့် ဌက်ကို အပျော်သဘောအနေဖြင့် ထိတွေ့နိုင်ပင်မဲ့ ဒီအတိုင်း ထိတွေ့ပြီး ထွက်ပြေးဖို့ဆိုသည်မှာတော့ မဖြစ်နိုင်ပေ။

ထိုဌက်ကြီး၏ ထိုးဆိတ်ထိုးဖောက်ခြင်းကို ခံရတော့မည်လား? ချန်ယူအနေနှင့် ထိုကဲ့သို့သောအတွေ့အကြုံအား လူတွေ့မခံစားခဲ့ရဖူးပင်မဲ့ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အရိုးတခြားအသားတခြားဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။

""ငါတော့ သေပြီလေ""
*This is actually the novel's title.
ချန်ယူ လေးသုံးလုံး(444)ထံသို့ နှလုံးသားထဲမှ မချိမကဲငိုကြွေးလိုက်သည်။

ထို့နောက်အကြည့်လွှဲလိုက်မိစဉ် သူ့ခြေထောက်လည်း အကန်ခံလိုက်ရပြီး ခေါင်းလည်း ငိုက်ကျသွားကာ သေသွားသည့်အလား သတိလစ်သွားတော့သည်။
__________________________
ချန်ယူ နိုးထလာချိန်တွင်တော့ သူ့ခန္ဓာကိုယ်အား မံမီအလောင်းများအလား ကြပ်ထုပ်စည်းခံထားရသည်ကို သိရှိလိုက်ရသည်။
အဓိကတရားခံမှာတော့ ထိုင်ခုံပေါ်တွင် သူ၏ခြေတံရှည်ကြီးများအား ချိတ်ကာထိုင်နေပြီး လက်ထဲတွင်လည်း စာအုပ်တစ်အုပ်ကိုင်ကာ စာဖတ်နေလေသည်။
ထိုလူ၏မျက်နှာမှာ ဖြူစင်သောနှလုံးသားနှင့် ဆန္ဒအနည်းအကျဉ်းသာရှိသည့် ပရော်ဖက်ဆာ(professor) ကဲ့သို့ဖြစ်ပြီး နေရောင်အောက်တွင်တောင် အတော်လေးကို ဖော်ရွေပြီး ကြင်နာတတ်သည့်ပုံစံမျိုးဖြစ်သည်။သို့သော်လည်း ချန်ယူ၏ နှလုံးသားတစ်ခုလုံး အကြောက်တရားကြောင့် တုန်လှုပ်သွားပြီး,
""အခု ဘယ်အချိန်ရှိပြီလဲမသိဘူး?""ဟုမေးလိုက်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now