Chapter 12"Quarrel"[U]

6.1K 1.1K 159
                                    

ချန်ယူလည်ပင်းအစ်တော့မလိုတောင်ဖြစ်သွားသည်။အဘယ့်ကြောင့်ဆိုသော် သူအနေနှင့်ရုတ်တရပ်အများကြီးစားလိုက်ရသည့်အတွက်ဖြစ်သည်။
ရေကိုထသောက်လိုက်ပြီးနောက်,အမြန်ပြန်ရောက်လာလေသည်။ကြက်ဥစားပြီးသည့်အခါ,သူအနေနှင့် ဘာဆက်ပြောရမလဲတောင်မသိတော့ပေ။

ယခုနေရာတွင်ရှိနေသည့်ဘဝသည်တကယ်ကိုပျင်းရိစရာကောင်းသည်။အကယ်၍သာ မင်းအနေနဲ့ လေ့ကျင့်ခန်းမလုပ်ပါက,စားသောက်ပြီးသည်နှင့် တစ်နေရာရာတွင်ထိုင်ကာနောက်တစ်ကြိမ်စားသောက်ရမည့်အချိန်ကိုစောင့်ရင်း နှလုံးသားထဲတွင်တောင်အကြိမ်ကြိမ်မှတ်မိနေသည့်ဟာသများကိုနားထောင်ရုံသာရှိသည်။
လူအိုကြီးအချို့ကတော့ ပြည့်တန်ဆာများဆီသွားလည်ဖူးသည့်အတွေ့အကြုံများကိုပြောပြနေသည်။ထိုကဲ့သို့အရေးတကြီးအမိုက်စားအချိန်တွင်,အခန်းရှိမီးမှာပြတ်တောက်သွားတော့သည်။

ချန်ယူ၏ဘောင်းဘီမှာတစ်ဝက်တိတိအချွတ်ခံလိုက်ရပြီး,သူ၏မျက်နှာမှာလည်း အနည်းငယ်အေးမြပြီး ဂျယ်လီလိုအတော်လေးအိသည့်အရာတစ်ခုခုဖြင့် ပွတ်တိုက်ခြင်းခံလိုက်ရသည်။သူ့ခေါင်းကိုလှည့်လိုက်သည့်အခါ,သူ၏ပါးစပ်မှာလည်း အပွတ်သပ်ခံလိုက်ရသည်။

မီးများပြန်လာချိန်တွင်,လူအိုကြီးသည်ဆက်လက်ပြောပြနေဆဲဖြစ်ပြီး အားလုံးမှာလည်းနားထောင်နေကြဆဲဖြစ်သည်။ လူငယ်လေးကသာ သူ့နှုတ်ခမ်းသူ လက်ဖြင့်ထိနေသည်ကိုချန်ယူ မြင်တွေ့လိုက်ရသည့်အခါ ချဉ်းကပ်သွားပြီး ဘာဖြစ်သွားတာလဲဟု မေးလိုက်သည်။

ဟဲစီးယန်ရုတ်တရပ် ချန်ယူကိုတွန်းထုတ်လိုက်သည့်အတွက် ချန်ယူမှာ အတွန်းခံလိုက်ရပြီး သုန်းဇီနှင့်တိုက်မိသွားတော့သည်။ ဘာဖြစ်သွားတာလဲဟ?တကယ်ကိုခေါင်းခြောက်စေတာဘဲ။

သုန်းဇီအသံခပ်တိုးတိုးဖြင့်မေးလိုက်သည်။
"" Boss တို့နှစ်ယောက်စကားများထားကြတာလား?""

ချန်ယူ သူ့ကုတင်ပေါ်ကိုပြန်ကုတ်တက်လိုက်ပြီး,
""ငါ့ဖင်ကြီးကိုသာစကားများနေလိုက်""

သုန်းဇီ Boss အတွက်နေရာပြန်ပေးရန် သုန်းဇီကုတင်ပေါ်တက်လိုက်ပြီးမေးလိုက်သည်။
""Boss ဖင်ကြီးကိုဘယ်လိုစကားပြောရလဲ?
လောင်ယွီ,မင်းသိလား?""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now