Chapter 21"I cannot die"[U]

5.7K 1.1K 102
                                    

""1580, မြန်မြန်လုပ်စမ်း!""

ဟဲစီးယန် သူ၏နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။လူတိုင်းကလည်း သူ၏ခန္ဓာကိုယ်ကိုအနီးကပ် အာရုံစိုက်ကာ,
ကြယ်သီးတစ်လုံးချင်းစီ ဖြုတ်လို့ပြီးသည်အထိစိုက်ကြည့်နေကြသည်။

ထိုည၌ လူငယ်လေး၏နောက်ကျောမှာဖော်ထုတ်ခံလိုက်ရလေသည်။လူတိုင်းလိုလိုမှာ အသက်အောင့်လိုက်မိကြသည်။

နှာဘူး,savage,ရက်စက်ကြမ်းကြုတ်...ထိုစကားလုံးများစွာသည် ကျောက်တုံးများသဖွယ် ဘက်ပေါင်းစုံမှ ချန်ယူထံသို့ စုပုံကာပစ်ပေါက်ကြတော့သည်။ ချန်ယူအနေနှင့်ကလည်း မရှောင်ရှားဘဲ,ထိုစကားလုံးများကို သူ၏လက်မောင်းများဖြင့် ပွေ့ဖက်ထားလိုက်သည်။

ထိုမြင်ကွင်းသည် လေ့ကျင့်ကွင်း၌ ပျံ့နှံ့သွားတော့သည်။သုန်းဇီနှင့်လောင်ယွီတို့နားထဲသို့ရောက်သည့်အခါ,သူတို့ဝမ်းနည်းသွားကြသည်။
တကယ်ကြီးလား,အဲ့ဒါက မူမမှန်တဲ့ ကာမစိတ်ဆိုတာရောသိရဲ့လား?

ကြည့်ရတာတော့ ဟဲစီးယန်သည် ထိုကဲ့သို့သောအရာများ၌ စိတ်ဝင်စားသည့်လူဖြစ်ပြီး သူကိုယ်တိုင်က လိုလိုလားလားနှင့် တောင်းဆိုခြင်းဖြစ်မည်။ညီအကိုနှစ်ယောက်သည် သူတို့၏အကိုကြီးအတွက် ခုခံကာကွယ်ပြောဆိုလေသည်။

ထိုသတင်းသည်ချုးထျန်းနားထဲသို့ရောက်သွားလေသည်,
သူ၏မျက်နှာမှာလည်း ပြောင်းလဲပြီးရင်း ပြောင်းလဲလာသည်မှာ,သူ၏လမ်းကြောင်းကို ပြန်ပြောင်းအောင်မလုပ်နိုင်တော့ပေ။

အရှေ့၌,ရုံးအုပ် Wang သည်အစောင့်အချို့ကို ထိုအချိန်ကဖြစ်ပျက်သွားသည်များကို တင်ပြရန်ပြောဆိုပြီး,ချက်ချင်းကို ထထွက်သွားတော့သည်။

ဟဲစီးယန်၏နောက်ကျော၌ ဒဏ်ရာများရှိနေပြီး,ထိုဒဏ်ရာများသည် အားဖြင့် အဖိခံထားရသလိုမျိုးဖြစ်နေသည်,ဒဏ်ရာများမှာလည်း တစ်ခုပြီးတစ်ခုရှိနေကာ,သွေးများတောင်စိမ့်ထွက်နေသေးသည်။သူ၏မျက်ခုံးများကို ထိစပ်မတတ်တွန့်ခေါက်ထားပြီး,မျက်နှာအရောင်မှာလည်း ဖျော့တော့နေသည်။

ချန်ယူ ဒေါသထွက်စွာအော်ငေါက်လိုက်သည်,
""Fuck, မင်းတို့ကောင်တွေဘာလုပ်နေကြတာလဲ?""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now