Chapter 1 "HeHeHe" [U]

6K 622 29
                                    

ချန်ယူ ကမ္ဘာအသစ်၌နိုးထလာသည်နှင့် ပထမဆုံးအရေးတကြီးစိတ်ပူပင်ရသည့်အရာမှာ သူ့၏ရုပ်ရည်သွင်ပြင်ဖြစ်သည်။ထို့ကြောင့် System အားစိတ်အားထက်သန်စွာ
ဖြင့် မေးခွန်းထုတ်လိုက်သည်မှာ

""ငါရုပ်ဆိုးတယ်မလား?""

System, ""ဧကန် မုချပါဘဲ""

ချန်ယူ ထိုစကားကို မယုံကြည်နိုင်ပေ။
""ဒါဆို ငါဘယ်လောက်ထိတောင် ရုပ်ဆိုးနေသလဲဆိုတာကို အသေးစိတ် တိတိကျကျ ပြောပြစမ်း""

System, ""အဲ့ဒါက စကားနဲ့ ရှင်းပြဖို့တောင် အနည်းငယ်ခက်ခဲနေပါတယ်""

ချန်ယူ, "".....အဲ့ဒါဘဲလား?""
အဲ့လိုဖော်ပြမှုကြီးက မရေမရာဖြစ်လွန်းနေတယ်။သူအနေနှင့် သူဘယ်လောက်ထိရုပ်ဆိုးသလဲဆိုတာကို နားမလည်ပေ။

System, ""လူကြီးမင်းဘာသာ လူကြီးမင်းတောင် ထိတ်လန့်ကြောက်ရွံနေမှာပါ""

System ထံမှစကားကိုနားထောင်လိုက်ပြီးနောက်,ချန်ယူ၏စိတ်အခြေအနေမှာ သက်သာရာ ရသွားခဲ့သည်။
သူ့ကြည့်ရတာ လူတွေကို ခေါင်းမွှေးအဆုံးထိထောင်တက်သွားစေနိုင်လောက်တဲ့အထိ ရုပ်ဆိုးအကျည်းတန်သည့်လူဖြစ်မည်မှာ သေချာသွားလေပြီ။

ငါးစက္ကန့်မပြည့်ခင်မှာဘဲ,သူ၏ ဦးခေါင်းတစ်ခုလုံး ရုတ်တရပ် ထုံထိုင်းကာ အေးစက်မှုသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာလေသည်။
Fuck,ငါသေတော့မှာလား။ငါ့ကြည့်ရတာ,ငါကိုယ်ငါ
ဆေးထိုးနေသလိုမျိုး,တစ်ကိုယ်လုံး ဓားတွေနဲ့ပြည့်နှက်နေတယ်လို့ ခံစားနေရတယ်။

စိတ်လှုပ်ရှားစွာဖြင့် တံထွေးမျိုချရင်း,ချန်ယူ အားငယ်စွာပြောလိုက်သည်။
""ချစ်ရပါသော ရေ,ငါ့ကြည့်ရတာတော့ သေချာပေါက်,
အမှားသေးသေးလေးတစ်ခုကို ပြုလုပ်မိခဲ့ပုံရတယ်လို့ ငါထင်နေတယ်""

System ဘက်မှတုံ့ပြန်မှုမရှိပေ။

ချန်ယူ အလွန်တရာသနားစဖွယ် ငိုယိုလိုက်သည်။
""ငါမေ့သွားတယ်,ငါ့အတွက်ကတော့ ရုပ်အရမ်းဆိုးနေတာအဆင်ပြေပင်မဲ့,ငါ့ရဲ့ target ကိုတော့ချဉ်းကပ်နိုင်တော့မယ်မထင်ဘူး။ သူသေချာပေါက် ငါ့ကိုရိုက်နှက်မှာဘဲ။""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now