Chapter 15 "Bad Breath" [U]

8K 1.3K 125
                                    

Substitution:
Evil thoughts value = Evil points.

ချန်ယူမြင်းစီးကွင်းသို့ရောက်ရှိလာခဲ့သည်။ချင်းဖန်နှင့် ချောင်းမင်ရွဲ့တို့နှစ်ဦးကတော့ မြင်းစီးလို့နေပြီး သူ့အားဘယ်သူမှ ဂရုမစိုက်ကြပေ။ထို့ကြောင့် သူ့ဘာသာသူရှာဖွေ စားသောက်ကာ အဝေးတွင် မြင်းစီးနေသည့်နှစ်ဦးအား စားသောက်ရင်းကြည့်နေလေသည်။

မြင်းဖြူသည်အတော်ကိုခန့်ငြား၍ အမဲရောင်သည်ပိုလို့ပင် ခန့်ငြားသည်။ချန်ယူ၏နားထဲတွင်လည်း အားအင်ပြည့်ဝနေသည့် မြင်းများ၏ခွာသံများသာကြားနေရသည်။ မြင်းကျောပေါ်မှလူများမှာလည်း အဆင့်တန်းမြင့်မားလှသည်။အားလုံး၏ပုံပန်းသဏ္ဋာန်မှာသဘာဝကျစွာဖြင့် ကျော့ရှင်းခန့်ငြားလွန်းလှသည်။

ချန်ယူ နောက်ဆုံးကိတ်မုန့်ပိုင်းအား ပါးစပ်ထဲသို့ သွတ်သွင်းရင်း မဆန့်မပြဲပြန်ထွက်လာမည့်ကိတ်မုန့်အပိုင်းအစများအား လက်ဖြင့်ဖိကာပိတ်ရင်း ဖောင်းကားနေသောပါးဖြင့် ဝါးနေလေသည်။ သူအနေနှင့် မြင်းမစီးတတ်ပေ။သို့သော် နွားစီးတတ်သည်။ သူငယ်စဉ်အခါက, နွားအုပ်ကြီးအား ထိန်းကျောင်းခဲ့ရသည့်အတွက် မကြာခဏ တက်စီးဖြစ်သည်။ မြင်းစီးရသည့်အရသာနှင့်မတူညီသော်လည်း,အတော်လေးတော့ အံ့ဩစရာကောင်းသည်ဟု သူကိုယ်သူထင်သည်။
[T/N ကိုယ့်ဘက်ကို ပြန်ယက်တဲ့လိပ်ချန်ယူ :3]

နေထွက်လာသည့်အတွက်,ချန်ယူ နေရိပ်သည့်ထောင့်တစ်နေရာကိုရှာဖွေလိုက်သည်။ကောင်းမွန်သည့်ခံစားချက်ဖြင့်,သူ၏ခြေထောက်များအားလွှဲရင်း heng heng ha hei အားညည်းနေလိုက်သည်။ကြည့်ရတာတော့ ချင်းဖန်နဲ့ ma zhen* လုပ်မည့်သူမှာ သူဖြစ်ဟန်မရပေ။
*making love on horseback

ချန်ယူ၏အတွေးထဲတွင်တော့ ကွန်ဖူးများပြည့်နှက်နေသည်။ချင်းဖန်နှင့် ချောင်းမင်ရွဲ့တို့နှစ်ဦးမှာလည်း မြင်းစီးကွင်းထဲတွင် မတွေ့ရတော့ပေ။ထို့ကြောင့် သူတို့နှစ်ဦး ဘယ်နေရာသို့ မြင်းစီးထွက်သွားသလဲဆိုတာလည်း မသိရပေ။

မြင်းကွင်းထဲမှလူများစွာကတော့ ချောင်းမင်ရွဲ့နှင့်အတူ ချင်းဖန်ရောက်ရှိလာသည့်အတွက်, ချန်ယူမှာ အော်တိုကို ပိုင်ရှင်မဲ့ကလေးဖြစ်သွားတော့သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now