Chapter 17" I don't want to die" [U]

8K 1.3K 164
                                    

မြင်းစီးကွင်းမတော်တဆဖြစ်ရပ်နောက်ပိုင်းတွင်,ချင်းဖန်၏ Evil points များမှာ 4.99 တွင်ရပ်သွားပြီး နောက်ထပ် ထပ်မံလျော့ကျသွားခြင်းမရှိတော့ပေ။

ချန်ယူကတော့ သိပ်မှစိုးရိမ်၍စိတ်ဆန္ဒစောနေလေသည်။သူအနေနှင့် level 1 မှာတင်အချိန်အကြာကြီးမဖြုန်းချင်ပေ။ထို့အပြင် သူ့တစ်ကိုယ်လုံးမှာလည်း ဘုရင်ကြီးသုံးဆောင်နိုင်ရန်အတွက် သုံးနပ်စာလုံးမီးဖိုချောင်ထဲ၌ အကြော်၊အချက်၊အပြုတ်လုပ်ဆောင်ရလွန်းသဖြင့် ဆီနံ့များပင်စွဲလာတော့သည်။ဒါတောင်မှ,mission မှာလုံးဝပြီးပြတ်မည့်ပုံ မရှိပေ။

ချန်ယူအနေနဲ့လည်း ထိုလက်ကျန်ငါးမှတ်မှာချင်းဖန်၏မည်သည့်နှလုံးသားအစိတ်ပိုင်းထဲတွင်ကပ်တွယ်နေမှန်းကို စဉ်းစားမရပေ။

အခုဆိုလျှင် ,ချန်ယူ ဘဝမှာ ချင်းဖန်နှင့်လဝက်အတွင်း sex လုပ်ရလွန်းသဖြင့် နေ့ရက်တိုင်းလိုလိုကို အမြဲမူးဝေနှောက်ကျိနေသည့်ခေါင်းဖြင့် ဖြတ်သန်းနေရသည်။အမှန်တိုင်းပြောရမည်ဆိုလျှင်တော့,သူပင်ပန်းသည်။

သို့သော်,ချင်းဖန်မှာတော့ မပင်ပန်းသည့်အပြင် အမြဲလိုလို စိတ်အားထက်သန်တက်ကြွနေလေသည်။

Tang Jue ကုမ္ပဏီမှကျင်းပသည့် ညစာစားပွဲဆီသို့ အတူသွားရန် ချင်းဖန်ပြောသည့်အခါ,ချန်ယူ နှလုံးသားထဲကရော,အဆုတ်ထဲကပါ ကုတ်ခြစ်မိပြီး တိုက်ပေါ်မှခုန်ချချင်စိတ်တောင်ပေါ်လာသည်။

အပြင်လောကတစ်ခုလုံးမှာ ချောင်းမင်ရွဲ့သည်ချင်းဖန်၏လူဖြစ်ကြောင်းကိုသိနေပြီးသားဖြစ်ပြီး,ဤသည်မှာလျှို့ဝှက်ချက်မဟုတ်ပေ။ ဖွင့်ပြောစရာမလိုဘဲနှင့်ပင် ချောင်းမင်ရွဲ့အား Qin Family ၏သခင်လေးအဖြစ်သတ်မှတ်ထားကြပြီး ကောင်းမွန်စွာပြုမူဆက်ဆံလေ့ရှိသည်။သို့သော် ချင်းဖန်သည် ချောင်းမင်ရွဲ့အား ယခုကဲ့သို့ပွဲများဆီသို့ တစ်ကြိမ်တစ်ခါမှ မခေါ်ဆောင်ဖူးပေ။
ဒီတစ်ကြိမ်တွင်တော့,ချောင်းမင်ရွဲ့အနေဖြင့် နာမည်အကြီးဆုံး စန္ဒယားပညာရှင်အဖြစ်ဖိတ်ကြားခံခဲ့ရသည်။

ချင်းဖန်ဘက်မှ သူအနေနှင့် ချန်ယူအားထိုပွဲသို့ခေါ်ဆောင်သွားမည်ဟု ပြောလိုက်သည်အခါ ချန်ယူကြက်သေသေသွားတော့သည်။သို့သော် သူမလိုက်နိုင်ပေ။ ဖောက်သည်အဟောင်းများနှင့်တွေ့မှာကို ကြောက်သည့်အတွက်ဖြစ်သည်။ဒါတောင်တွေ့မည့် ဖောက်သည်မှာ တစ်ယောက်တည်းမဟုတ်ဘဲ ဒါဇင်လိုက်တွေ့လောက်သည်။
အဲ့ဒါမျိုးကတော့ လုံးဝ ပျော်စရာမကောင်းဘူး။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now