Chapter 23"Don't go"[U]

5.8K 1.1K 183
                                    

ချန်ယူ လှည့်ကြည့်လိုက်သည့်အခါ,
သူ့ရင်ဘတ်ပေါ်ရှိ စာလုံးသုံးလုံးကို ထုတ်ဖော်ပြသမိလိုက်သလိုဖြစ်သွားပြီး,
သွေးစီးချောင်းလေးများပင်ခြောက်သွေ့နေသေး
သည့်အတွက် အခုမှလတ်လတ်ဆတ်ဆတ် ရရှိထားသည်မှာသေချာနေသည့်ပုံဖြစ်နေသည်။

"ဟဲ စီး ယန်" ဆိုသည့်စာလုံးသုံးလုံးကို ထိုအမျိုးသား၏နှလုံးသားနေရာ၌ ထွင်းထားသည်ကိုမြင်လိုက်ရသည့်အခါ,ချူးထျန်း ပင့်သက်ရှိုက်လိုက်မိပြီး,မျက်လုံးများကျွတ်ထွက်ကျမတတ်ဖြစ်သွားသည်။

""Fuck ခင်များ....""

သူ့မျက်စိရှေ့မှမြင်ကွင်းကြောင့် ချုးထျန်း အရမ်းကိုရှော့ရသွားသည်ကို မည်သည်လူမဆို ခန့်မှန်းနိုင်လေသည်။သူ၏မျက်နှာသည် လုံးဝကို
မယုံကြည်နိုင်သည့်ပုံဖြစ်နေပြီး,
အတော်လေးကြာသည်အထိ ဆွံအနေသည်။

ချန်ယူ အလျင်အမြန်ဝတ်ရုံကိုချုံလိုက်ပြီး,
ကြမ်းပြင်ပေါ်သို့လှိမ့်ချလိုက်သည်။
တံခါးဝနားအထိ ခြေဗလာဖြင့် ပြေးသွားလိုက်ပါသော်လည်း,fuck, သူ၏ပခုံးများသည်ဆောင့်တွန်းချခံလိုက်ရပြီး,
လက်များမှာလည်း ဖမ်းချုပ်ခံလိုက်ရသည်။

""ခင်များရူးနေပြီ ရှောင်ဖေး,
အဲ့ကလေးကို ခင်များကိုယ်ပေါ်မှာ စာထွင်းခွင့်တောင်ပေးလိုက်တယ်တဲ့လား!""

ချုးထျန်း၏စကား တစ်လုံးချင်းစီတိုင်းသည် ဆူးများဖြင့်ပြည့်နှက်နေပြီး,
သူ့အနေနှင့် ဘာဆက်ပြောရမယ်ဆိုတာကိုတောင် မသိတော့ပေ။

သရော်သည့်အသံဖြင့်ရီမောလိုက်ပြီး,
""အခုထိ နာမည်ကိုထွင်းနေတုန်းလား,
အခုဘဲ ဘယ်ခုနှနှစ်ရှိနေပြီလဲ? အဲ့ဒါကိုလုပ်တုန်းက,ခင်များအသိစိတ်လွတ်သွားတာလား?""

""ဘာဘဲဖြစ်ဖြစ်"",
ချန်ယူ ရီမောလိုက်ပြီး,
""ငါပျော်တယ်""

""ငါသူ့ကိုကြိုက်တယ်,
ငါ့အသားပေါ်မှာ သူ့နာမည်ထွင်းရုံဘဲ မပြောနဲ့,ဆယ်လုံးမက,ထောင်မက, ငါ့တစ်ကိုယ်လုံးကို ထွင်းပစ်ရင်တောင်,
ငါ သူ့စိတ်ကြိုက်ကိုလုပ်ခွင့်ပေးမှာ""

ထိုအချိန်ခဏလေးအတွင်း၌,ချန်ယူ သူ၏ပါးစပ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
သူစကားပြောပြီးသွားသည့်အခါကျမှ,
နှလုံးသားလေးထဲမှ တိတ်တဆိတ်ဆုတောင်းလိုက်သည်,
အို ဘုရားသခင်,အခုလေးတင် ကျွန်တော့်ပါးစပ်ကနေ ပေါက်တတ်ကရများစွာပြောလိုက်မိပါတယ် ဘုရား,ကျေးဇူးပြု၍ ထိုစကားများကိုအတည်မယူလိုက်ပါနဲ့ ဘုရား။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now