Chapter 4 "I'm Already Dead" [U]

11.1K 1.5K 154
                                    

ကမ္ဘာတစ်ခုလုံး ရုတ်ရပ်တိတ်ဆိတ်သွားပြီး သောက်ရေးမပါသလိုခံစားလိုက်ရသည်။

ချန်ယူ ပါးစပ်ကြီးပွင့်လျက်သားနှင့် ထိုအမျိုးသားအားစိုက်ကြည့်နေမိသည်။ တစ်စက္ကန့် ၊ နှစ်စက္ကန့် ၊ သုံးစက္ကန့်။ တစ်ဖက်လူမှာ လျှာထွက်ပြီး အမြီးတယမ်းယမ်းနှင့် အပွတ်သပ်ခံခြင်းနေသည့်ခွေးကြီးပုံစံသို့ပြောင်းမသွားဘဲ ပုံမှန်အတိုင်းရှိနေသေးသည်။
....ငါတော့သေပြီလေ!....

ချန်ယူရင်ထဲမှ တိတ်တဆိတ်ကျိန်ဆဲနေမိသည်။
""စောက်ရေးမပါတဲ့ system, ငါ့ကို လှည့်စားသွားတယ်။""

System ဆီမှအဖြေကိုစောင့်ရန်စိတ်ကူးပင်မရှိ။ ထိုလူ၏ခြေထောက်ပေါ်မှ သူ့လက်နှစ်ဖက်ကို အလျင်အမြန်ဖယ်ကာ မတ်တပ်ရပ်ပြီး နောက်လှည့်ပြေးတော့သည်။
မန်နေဂျာမှာတော့ အခုလေးတင်ဖြစ်ပျက်သွားသည့် ထူးဆန်းသောအနေအထားမှ အသိဝင်လာပြီး နေရတာငြီးငွေ့လာပုံရသည့် အရူးတစ်ကောင်ကြောင့်အခြားသူတွေကိုပါ ဒုက္ခရောက်စေပြီးမှ ထွက်ပြေးရန်ကြံစည်နေသော တရားခံအားစတင်ဖမ်းဆီးတော့သည်။

ချန်ယူကလည်း မခေ... လက်သီးရော ခြေထောက်ပါမကျန်ပြန်လည်ဝှေ့ယမ်းကာ ခုခံလိုက်သည်။ထို့ကြောင့် မန်နေဂျာဘက်မှအတော်လေးဒေါသထွက်သွားပြီး ပါးလှမ်းရိုက်လိုက်သည်။ရှောင်လိုက်တာကိုတွေ့လိုက်ရတော့ ပိုလို့ပင် စိတ်တိုသွားပြီး

""သခင်လေးQin ကိုချက်ချင်းဒူးထောက်ပြီးပြန်တောင်းပန်စမ်း!""
ချန်ယူမျက်နှာတစ်ခုလုံး ညိုပုတ်သွားသည်။
Xia Hong အပါအဝင် အကုန်လုံးမှာ အံ့ဩတုန်လှုပ်နေကြပြီး "ဘာတွေဖြစ်ကုန်ကြတာလဲ" "ငါတို့ဘဲသွေးလေချောက်ခြားလို့မြင်ချင်ရာတွေမြင်နေတာလား" ဟူသော မျက်နှာဘေးတွေဖြစ်ကုန်ကြသည်။
မန်နေဂျာလည်း ဒီပိုးဟပ်လိုကောင်ကို အလွတ်မပေးဘဲ နောက်တစ်ကြိမ်ထပ်ရိုက်ရန်ပြင်လိုက်သည်။ ဖနှောင့်တစ်ချက်ပေါက်ရုံနဲ့တင် S City တစ်မြို့လုံးကို ကိုင်လှုပ်နိုင်တဲ့သခင်ကြီးလိုလူမျိုးကို ပြန်လည်ဖြေရှင်းရမည့်အပြင် သူရဲ့ဂုဏ်သိက္ခာကို အိုးမဲသုတ်နေတဲ့ အကောင်ကိုလည်းထိန်းသိမ်းရအုန်းမည်ဖြစ်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now