Chapter 14 "Heng heng ha hai" [U]

7.8K 1.4K 132
                                    

"" Er-ye,  အန်ကယ် Wang က ညစာစားဖို့ခေါ်ခိုင်းလိုက်တယ်""

ထိုအသံထွက်လာချိန်တွင်,ချန်ယူသည် ချင်းဖန် ကိုယ်ပေါ်တွင် တွဲလောင်းဖြစ်နေကာ,ချင်းဖန်ဘက်မှ ချန်ယူတင်ပါးနှစ်ဖက်အားလက်ဖြင့်ကိုင်ကာသယ်မထားသည့်အတွက် ပုံစံမှာ အတော်လေးကိုရင်းနှီးသည့်ပုံဖြစ်သည်။

Qiao MingYue (ချောင်းမင်ရွဲ့)နောက်လိုက်သည်။
""Mr.Zhou ကို ဒီအသက်အရွယ်ထိရောက်တာတောင် ကလေးဆန်အုန်းမယ်လို့ လုံးဝမထင်ထားခဲ့ဘူး""

ချန်ယူရှက်သွားသည့်အတွက် Qin Feng (ချင်းဖန်)ကိုယ်ပေါ်မှ ချက်ချင်းလျှောတိုက်ဆင်းလိုက်သည်။သို့သော် ဗိုက်နှင့်တစ်ခုခုပွတ်တိုက်သွားသည့်အတွက် နာကျင်မှုသည် ချန်ယူအားအကြိမ်အနည်းငယ် ပင့်သက်ရှိုက်မိသွားစေသည်။

ချင်းဖန်၏သားရေခါးပတ်မှာလည်း ထိုအမျိုးသားငယ်လေး၏ပွတ်တိုက်သွားမှုကြောင့် အောက်သို့အနည်းငယ်လျှောကျသွားသည်။ ထိုအမျိုးသားလေး၏ နာကျင်မှုအားတောင့်ခံထားပုံနှင့် ဆဲဆိုချင်နေသည်ကို ထိန်းချုပ်ထားရသောကြောင့် နီရဲနေသည့်မျက်နှာလေးအားကြည့်ရသည်မှာချန်ယူအား အလွန်အပျင်းပြေစေသည်။

""ဘာတွေအလျင်လိုနေတာလဲ""

ဘာပြောလိုက်တယ်,ငတုံးကောင် ah, အဲ့လောက်တောင်တုံးရသလား?! ဆိုသည့်ပုံဖြင့် ချန်ယူ မျက်မှောင်ကြုံ၍ ချင်းဖန်အားကြည့်လိုက်သည်။

လေထုကအတော်လေးထူးဆန်းတာဘဲ။

ထို့နောက် ချင်းဖန်လည်း ဘာမှမဖြစ်ခဲ့သည့်အလား အခန်းအပြင်သို့ထွက်သွားတော့သည်။ Qiao MingYue(ချောင်းမင်ရွဲ့) အရှေ့သို့တိုး၍ အနည်းငယ်ရွဲ့စောင်းနေသော ချင်းဖန်၏အင်္ကျီကော်လံအား ကူညီပြင်ပေးရင်း တုံ့ပြန်မှုမရှိသည့် ချန်ယူဘက်သို့လှည့်ကာ ပြောလိုက်သည်။

""Mr.Zhou ရော ညစာစားဖို့အောက်မဆင်းဘူးလား?""

ချန်ယူ မဆိုင်းမတွစွာဖြင့် သူ့လက်အားဝေ့ယမ်းလိုက်ပြီး, ""မစားတော့ဘူး မစားတော့ဘူး"" ဟုပြောလိုက်သည်။
အကိုကြီးရာ, ကျွန်တော့်အနေနဲ့ ခင်များရဲ့ အရိပ်မဲ့ဓားစစ်ဆင်ရေးကို ဒီမနက်ကလေးတင်ခံထားရတာဗျ။ကျွန်တော့်ရဲ့ ရင်တွင်းဒဏ်ရာလေးတွေ ပျောက်ကင်းအောင်တော့ ခဏလောက်စောင့်ပါရစေအုန်း။ နောက် rounds တွေအတွက်ကတော့ နောက်ရက်တွေမှ appointmemt လုပ်ပြီးရက်ပြန်ချိန်းကြတာပေါ့။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now