Chapter 24.2 "Wait for me"[U]

5.6K 1K 123
                                    

နှစ်များစွာ၌ ပထမဆုံးအကြိမ်, ဧရိယာ D တွင်ထောင်သားသုံးဦးသေဆုံးမှုသည် နားလည်ရခက်ကာ မရှင်းလင်းနိုင်ခဲ့ပေ။
ထိုကဲ့သို့ အရှုပ်ထွေးများကြောင့်,
ရုံးအုပ် Wang လည်းနောက်ဆုံးတော့ ထိပ်ပြောင်သွားတော့သည်။

ချန်ယူ သူ့ကိုမြင်သည့်အချိန်၌,ပြုံးပြရင်း သူ့ကျန်းမာရေးကိုဂရုစိုက်သင့်ကြောင်း
ပြောလိုက်သည်။

ရုံးအုပ် Wang ကတော့ ဟွန်းကနည်း နှာမှုတ်လိုက်ပြီး,သူ၏မျက်လုံးများကို
ချန်ယူဘေးရှိ ဟဲစီးယန်အပေါ်သို့ အဓိပ္ပါယ်ပြည့်ဝစွာဖြင့်
တိုက်ရိုက်ကျရောက်သွားပြီး,
ချက်ချင်းကို အဝေးသို့ လျင်မြန်စွာထွက်သွားတော့သည်။

ဟဲစီးယန်သည် သူ၏မေးလေးကို ချန်ယူ၏ပခုံးပေါ်၌တင်လိုက်ပြီး,
အနောက်မှနေရင်း ပွေ့ဖက်လိုက်သည်။
""အကို,ကျွန်တော်လုံးဝသေမှာမဟုတ်ဘူး။
ကျွန်တော် ရအောင်ကိုအသက် ရှင်မှာ""

ချန်ယူ ဆံပင်များအားလုံး
ထောင်တက်သွားတော့သည်။
မင်း,ရုတ်တရပ်ကြီး မင်းရဲ့စတိုင်ကိုပြောင်းလိုက်တာက,
ငါ့ကို ခြောက်လှန့်စေတယ် okay,
ငါရဲ့ပခုံးပေါ်မှာ သရဲများ ခေါင်းလာတင်တာလားလို့တောင်
တွေးမိသွားတယ်။

ဟဲစီးယန် ပြုံးကာ,မျက်လွှာလေးများကို စင်းရင်း,
""ကျွန်တော် အရမ်းပျော်နေတယ်""

ချန်ယူ ဟဲစီးယန်၏ Evil values များကို တစ်ချက်ရှိုးလိုက်သည်,
ငါတော့မမြင်မိသလိုဘဲ āi
သို့သော်လည်း,ဟဲစီးယန် ထိုညက အခြားအရာများကြောင့် ဘယ်လောက်တောင်ပျော်နေခဲ့မလဲဆိုတာကို
ချန်ယူ သတိထားမိသည်။

ထိုအကြောင်းအရင်းကိုလည်း,သူသိသည်။

ထိုအချိန်တုန်းက, Zhou လုပ်ငန်းစု၏ တရားမဝင်လုပ်ဆောင်မှုများစွာကို system ဆီမှရရှိခဲ့ပြီး, Zhou မိသားစု၏အငယ်ဆုံးသခင်လေး အသက်ရှင်နေတုန်းက ကျုးလွန်ခဲ့ဖူးသမျှပြစ်မှု
အထောက်အထားများစွာလည်းပါဝင်သည်။
ထိုနောက်အခွင့်အရေးကိုအရယူ၍
ထိုအရာများကို ကြော်ငြာချက်ထုတ်ပြန်ခဲ့သည်။

အခုတော့ Zhou မိသားစု ကျရှုံးလေပြီ။

အခုချိန်ကစပြီး,ဟဲစီးယန်၏ဘဝသည် လုံခြုံပြီဖြစ်သည်။သူလည်း ပြုပြင်ပြောင်းလဲမှုကို သေချာပေါက်လက်ခံရင်း,ကောင်းမွန်သည့် အပြုအမူများကိုသာပြသမည်ဖြစ်သည်။

ယခုလက်ရှိမှာတော့,ဟဲစီးယန်ဘဝတွင် ရည်မှန်းချက်နှစ်ခုသာရှိသည်။
ပထမတစ်ခုမှာ,ချန်ယူကို ဧရိယာ D အနှံ့၌ ဖောင်းဒိုင်းမည်ဖြစ်ပြီး,ချန်ယူနှင့် အတူတူအပြင်သို့
ပြန်ထွက်လာသည့်အခါ,သူတို့၏အိမ်ကိုအတည်တကျဆောက်လုပ်ချင်သည်။
ထိုမှသာ သူလိုချင်သည့်အချိန်တိုင်း
sex ကိုထိန်းမနိုင်သိမ်းမရဆက်ဆံနိုင်မည်ဖြစ်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now