Chapter 9 "Stay away from me"[U]

6.6K 1.1K 102
                                    

ge = brother (older).

ချန်ယူလူငယ်လေးအားအကြိမ်အနည်းငယ်ရေပတ်ဆက်တိုက်ပေးလိုက်သည်။ထို့နောက် လက်ထဲတွင်လည်းရေခရားကိုကိုင်ထားရင်း လူငယ်လေး၏နှုတ်ခမ်းဖျားထဲသို့ရေအနည်းငယ်ဆွတ်ပေးခြင်းကို မကြာခဏပြုလုပ်ပေးနေလေသည်။
ဘရို,မင်းက ငါ့အဖိုးပြီးရင် ငါအခုလိုဂရုစိုက်ပေးတဲ့ဒုတိယလူဘဲ။သူကတော့သေသွားပြီဆိုပင်မဲ့ မင်းကတော့မသေနဲ့အုန်း,ငါရဲ့မနက်ဖြန်တွေက မင်းအပေါ်မူတည်နေသေးတယ်။

ချန်ယူ သူ့အတွေးများဖြင့် စိတ်ရှုပ်ထွေးနေရင်း သတိမမူမိပါဘဲ ထိုလူငယ်လေး၏နှုတ်ခမ်းလွှာအားပွတ်ထားသည့်လက်ချောင်းကို သူ့ပါးစပ်ထဲသို့ထည့်လိုက်မိသည်။ထို့နောက် ထိုလူငယ်လေးကိုပြန်သုတ်ပေးလိုက်သည်။
ဤသို့ဖြင့်,သူကိုယ်သူသတိမူသည့်အခါကျမှ ရပ်တန့်လိုက်ချိန်တွင်,ထိုလူငယ်လေးသည် သူ၏တံထွေးများစွာကို စားသုံးပြီးနှင့်လေပြီ။

စားသာစားလိုက်ပါတော့ ba, အခုလိုစားတာကလည်းပထမဆုံးအကြိမ်မှမဟုတ်ဘဲ။

ချန်ယူ ထိုလူငယ်လေးကိုကုတင်တစ်ဖက်သို့လှည့်ချင်ပါသော်လည်း  ကုတင်နှင့်ထိုလူငယ်လေး၏ခန္ဓာကိုယ်တိုက်မိသည့်အသံကိုကြားလိုက်ရသည့်အခါ ချောချောမွေ့မွေ့ပြီးမြောက်အောင်မလုပ်နိုင်တော့ပေ။

""တောင်းပန်ပါတယ်,Bro, ငါတကယ်ကိုရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာမဟုတ်ရပါဘူး,မင်းအခုဒေါသတော့ထွက်မနေပါဘူး,ဟုတ်တယ်မလား?""

ထို့နောက်လူငယ်လေးအား နောက်တစ်ကြိမ်ကုတင်နှင့်ထပ်မှန်တိုက်ပြန်သည်။

သုန်းဇီ,လောင်ယွီနှင့်အခန်းထဲရှိထောင်သားများစွာ,
""......""

ရွှေ့ပြောင်းပြီးနောက်ခဏလောက်မောပန်းသွားတော့သည်။ချန်ယူ တစ်ဖက်လူ၏နဖူးနှင့်မျက်နှာကို ကိုင်လိုက်ချိန်တစ်ဖက်လူ၏ကိုယ်အပူချိန်မှာကျဆင်းသွားသည့်အတွက် မကြာခင် အဆင်ပြေသက်သာသွားလောက်မည်ဟုထင်သည်။ ချန်ယူ စိတ်သက်သာရာရသွားပြီး ဆေးကိစ္စကိုဖြေရှင်းရန် systemကိုရှာလိုက်သည်။

""ဒီလောက်ဈေးကြီးပေးဝယ်ထားရတဲ့ဆေးမှာဘယ်လိုတောင်ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးကရှိနေရတာတုန်း?""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now