Chapter 13"I took my hat off to you"[U]

6.4K 1.2K 166
                                    

ဆောင်းဦး၌သစ်ရွက်များခြောက်သွေ့ကာ,အဝါသို့ကူးပြောင်း၍,ညို့မှိုင်းသောရှုခင်းကို ဖန်တီးထားလေသည်။

အခန်းများရှိထောင်သားများသည် စုဝေးကာတောင်ပေါ်သို့တက်ရသည့်အချိန်လည်းဖြစ်သည်။ခြောက်သွေ့နေသောအကိုင်းအလက်များကို ကောက်ယူကာ ပြာဖြစ်သည့်အထိမီးရှို့ကြရသည်။သူတို့၏လက်သည်းခွံများသည် မြေကြီးများပြည့်နေကာ ပါးစပ်နှင့်နှာခေါင်းများမှာ အငွေ့တလူလူထွက်နေပါသော်လည်း ဘယ်သူကမှအထွန့်မတက်ရဲပေ။

ချန်ယူကတော့ အပြင်ထွက်ခွင့်ရသည့် အထူးစပယ်ရှယ်မြင်ကွင်းကို အပြည့်အဝခံစားနေလေသည်။ဟဲစီးယန်ကို ခုံးနေသည့်တောင်ကုန်းအောက်ခေါ်ကာ လေညင်းလေးများကိုခံစားခိုင်းလိုက်သည်။သူတို့အနေဖြင့် အလုပ်လည်းလုပ်စရာမလိုပေ။ ယခုလိုအချိန်အကြာကြီးကုန်ဆုံးခဲ့ပြီးတာတောင်,ဟဲစီးယန်၏ Evil value များသည် မူလအတိုင်းမပြောင်းလဲဘဲတည်ရှိနေသည်။

ပြောရမည်ဆိုလျှင်တော့,သူ၏မစ်ရှင် တိုးတက်မှုမှာအခုလက်ရှိအချိန်ထိ ဘဲဥဖြစ်သည်။
တစ်နေ့နေ့မှာတော့,ဟဲစီးယန် သူ့ကိုအကြီးအကျယ်စပရိုက်တိုက်သည့်အနေဖြင့် Evil value များ 10 မှ 0 အထိရုတ်တရပ်ထိုးကျသွားကောင်း သွားနိုင်လိမ့်မည်။

တကယ်တော့ ထိုကိစ္စမှာ လုံးဝမဖြစ်နိုင်ပေ။

ကျွမ်းကျွင်စွာ သူ့ကိုယ်သူနှစ်သိမ့်ပြီးချိန်မှာတော့,ချန်ယူ လက်တစ်ဆုပ်စာအပြည့်သစ်ရွက်များကိုကောက်ယူလိုက်ပြီး လွှင့်ပစ်လိုက်သည်။သူ၏မျက်လုံးများမှာ ညိုးငယ်နေကာ,ထိုလူငယ်လေးကို ဘယ်လိုများမျှော်လင့်ချက်အသစ်ပြန်လည်ရရှိစေပြီး သူကိုယ်သူပိတ်လှောင်ထားရာမှရပ်တန့်လာအောင်,အခြားသူများအပေါ် မငြင်းပယ်အောင်အပြင် မတိုက်ခိုက်အောင် မည်ကဲ့သို့လုပ်ဆောင်ရမည်ကိုစဉ်းစားနေမိသည်။

ထောင်သားများသည် အနားယူသည့်အနေဖြင့် တောင်ကုန်းပေါ်တွင်ဝိုင်းကာရည်ရွယ်ချက်ရှိရှိ စုထိုင်ရင်း,တစ်စုံတစ်ခုများကြားလိုကြားငြားမျှော်လင့်နေကြသည်။

ယခုကဲ့သို့ သဘာဝကျကျနေရာတွင်,ကောင်းကင်ကြီးမှာ
ပြာရီကာ တိမ်တိုက်ဖြူများပျံ့လွှင့်နေပြီး,ခြောက်သွေ့နေသောသစ်ရွက်များ,မြက်ခင်းများနှင့် တသုန်းသုန်းတိုက်ခတ်နေသည့် လေနုသွေးလေးများလွန့်လူးပျော်ပါးရင်း ချောမောလှပသည့်လူငယ်လေးကို ထွေးပွေ့ထားကြသည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now