Chapter 3 "How Many Pendants Do You Have?"[U]

3K 379 15
                                    

ချန်ယူ ခြေနှစ်လှမ်းတောင် မလှမ်းနိုင်ခင်မှာဘဲ၊
ကြီးမားလှသောလက်ကြီးဖြင့် ချီမ ခံရကာ parabolic curve သဖွယ်
ပစ်ထုတ်ခံလိုက်ရလေသည်။

ချန်ယူသည် အရွယ်ရောက်ခါစဖြစ်သည့်အပြင် ပိန်သွယ်ကာသေးကွေးလွန်းသည့်အတွက်၊တစ်ချက်တည်းနှင့်တင်၊အခန်းတစ်ခုမှ တစ်ခုသို့ တိုက်ရိုက်ပျံသန်းသွားတော့သည်။

ငါ-ိုး။သူ့လက်ကောက်ဝတ်ရှိ လက်ထိတ်များသည် သူ၏အောက်မှေးရိုးနှင့် ထိခတ်မိကာ၊ကမ္ဘာမြေကြီး ထက်ခြမ်းကွဲသွားသလိုမျိုး နာကျင်မှုသည် ချက်ချင်းကို လှိုက်တက်လာသည်။

""အိုင်း—""

ချန်ယူ ဆွဲဆွဲငင်ငင်ငိုကြွေးလိုက်မိပြီး၊
သူ၏ပါးစပ်မှာလည်း သွေးအပြည့်ဖြစ်လို့နေသည်။
သူ၏သွားတွေအကုန် ကျွတ်ထွက်ကျသွားပြီဟုတောင် ခံစားနေရသည်။

ထို့ကြောင့် သူ၏လျှာကိုအသုံးပြု၍ ပါးစပ်အနှံ့ထိုးလှည့်ကြည့်လိုက်သည်။
ကြည့်ရတာတော့ သူ့သွားတစ်ခုမှ
ကျွတ်ထွက်သွားသည့်ပုံမရပေ၊အကုန်လုံးသူ့နေရာနှင့်သူရှိနေသည်။ကံကောင်းစွာဖြင့်၊
အကုန်အဆင်ပြေသည်။မဟုတ်ပါက၊သူအနေဖြင့်
ဘာဆိုဘာမှစားနိုင်တော့မည်
မဟုတ်တော့ပေ။

အကယ်၍ System ဆီမှရရှိထားသည့်စကေးမှာ အလွန် weak ဖြစ်နေရင်တောင်မှ၊သူအနေဖြင့် သူဘယ်လောက်ထိစားနိုင်သလဲဆိုတာကို သိချင်နေသေးသည်။

ကြမ်းပြင်တွင် မှောက်လျက်သားလေးကျနေပြီး၊ ချန်ယူ၏လက်များသည်လည်း ကြမ်းပြင်ပေါ်၌ကပ်နေသည်။
သူ၏ခန္ဓာကိုယ်လေးသည်လည်း ထရပ်နိုင်ဖို့အတွက် အလွန်အားစိုက်နေရသည်။ထိုအချိန် စစ်ဖိနပ်တစ်ရံသည် သူ၏ကျောပြင်အား အားအင်အပြည့်ဖြင့် မြဲမံစွာ ဖိနင်းထားသည်။

""…""

ဘဝတွင် ပထမဆုံးအကြိမ်၊တစ်စုံတစ်ယောက်၏ တက်နင်းမှုကိုခံဖူးခြင်းဖြစ်သည်။
ချန်ယူ ဘယ်လိုခွေးသူတောင်းစားမျိုးက သူ့ကိုနင်းထားသလဲဆိုတာကိုမြင်တွေ့ဖို့လိုအပ်သည်။ထို့ကြောင့် ဇက်အားလှည့်ကာ ကြည့်လိုက်စဉ်၊ကြီးမားကာပွရောင်းသည့်
နှာခေါင်းပိုင်ရှင်ကိုမြင်တွေ့လိုက်ရသည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now