Chapter 7"Entering V Notice"[U]

6.7K 1.2K 99
                                    

အကယ်၍များ မင်းရေချိုးနေသည်ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေလေမည်,ထို့အပြင် ထိုလူ၏မျက်လုံးများမှာသိပ်ကိုမှဆာလောင်နေပြီး,နှုတ်ခမ်းများကိုတစ်ချိန်လုံးပြွတ်ကနည်းအသံမြည်အောင်စုပ်ရင်း မင်းရဲ့တစ်ကိုယ်လုံးကို တန်ဖိုးကြီးပစ္စည်းတစ်ခုကိုကြည့်သည့်အလားနှစ်လိုစွာကြည့်နေပါက ဘယ်သူမဆို ကသိကအောက်ဖြစ်ကာနေရခက်မည်မှာအမှန်ဖြစ်သည်။

ဟဲစီးယန်အနေဖြင့် သေသည့်အရာများဖြင့်သာထိတွေ့ရသည်ကိုသဘောကျနှစ်ခြိုက်သည်။သူအနေဖြင့် ရှင်နေသမျှအရာရာတိုင်းကို စက်ဆုပ်ကာ ငြင်းပယ်လေ့ရှိသည်,အထူးသဖြင့် သိပ်ကိုမှအင်အားပြည့်ဝနေသည့်အရာများကိုသဘောမကျပေ။
ထိုအကြောင်းကြောင့် ဟဲစီးယန်မှာအမြဲလိုလို တိတ်ဆိတ်ကာ အမှောင်ထုအရှိန်အဝါများမှာပိုပြီးသိသာထင်ရှားနေခြင်းဖြစ်သည်။

ချန်ယူ ပျော်ရွှင်စွာကြည့်နေရင်း ရုတ်တရပ် အေးစက်သည့်အကြည့်များဖြင့် ရင်ဆိုင်လိုက်ရသည်။
နံရံကိုမှီရင်း မှေးမော့ကာ, ""မင်းဘာမင်းရေအရင်ချိုးပါ""

ဟဲစီးယန်၏မျက်နှာမှာ ရေနွေးကြောင့် အနည်းငယ် အနီရောင်သန်းသွားပြီး လက်ထဲမှ ဆပ်ပြာခဲသည်ချော်ထွက်ကာပြုတ်ကျသွားသည်။ထို့ကြောင့် ဆောင့်ကြောင့်ထိုင်ကာ ကောက်ယူလိုက်သည်။

ချန်ယူ သူ့မျက်လုံးသူအစာကျွေးရင်း နှစ်သက်သဘောမကျဘဲကိုမနေနိုင်ပေ။ဆပ်ပြာပြုတ်ကျသွားတဲ့အခန်းက အရမ်းကို ဂန္တဝင်ဆန်တာဘဲ ah,အမှတ်တရတွေအပြည့်ဘဲ။ ချန်ယူပထမနှစ်ကျောင်းသားဘဝတွင်,သူအနေနှင့်လည်း လက်ထဲမှဆပ်ပြာပြုတ်ကျဖူးသည်။သို့သော် သူဆပ်ပြာမှာ ပျောက်ဆုံးသွားပြီး သူ့ဘာသူဘဲအသစ်ပြန်ထုတ်သုံးလိုက်ရသည်။

ချန်ယူ ရုတ်တရပ်အံ့ဩစွာမေးလိုက်သည်။
""မင်းရဲ့ ဘယ်ဘက်ပခုံးပေါ်က မွေးရာပါအမှတ်လား?""

ထိုစကားပြောပြီးသည်နှင့် ချန်ယူ၏လက်များမှာထိန်းချုပ်မှုကင်းမဲ့သွားတော့သည်။
ဟဲစီးယန် သူခါးသူကိုင်ထားရင်း မျက်လုံးများမှာလည်း မှေးကျဉ်းနေသည်။

ချန်ယူ ဟဲစီးယန်၏စကေးကိုစမ်းသပ်နိုင်မည့်အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်သည်။

《ငါသေတော့မလို့ဘဲ!!》حيث تعيش القصص. اكتشف الآن