Chapter 15.1 "I'm dead"[U]

6.2K 1.1K 153
                                    

လောဂျစ်ကျကျပြောရမည်ဆိုပါက,တစ်ခန်းထဲရှိ လူများကသာလျှင် ယခုဧရိယာတွင် တာဝန်ရှိသည်။အခြေခံသဘောအားဖြင့် မတူညီသည့်အရာနှစ်ခုဖြစ်သော်လည်း, အခန်းနှစ်ခုစလုံးမှလူများကြားတွင် ဘယ်ကနေစတင်မှန်းမသိသည့် အငြင်းပွားစရာများဖြစ်ပေါ်လာကာ,ရက်ရက်စက်စက် ရန်ပွဲများစတင်ဖြစ်ပွားတော့သည်။

တစ်ယောက်က တံမြက်စည်းရဲ့အစွန်းကို ကိုင်,နောက်တစ်ယောက်၏နားထင်ကိုထု,ဤသို့ဖြင့် သွေးသံတရဲရဲပြဇာတ်၏မြင်ကွင်းကို လိုက်ကာစဖွင့်ခဲ့သည်။
အချို့သောလူများက လှဲကျ,တစ်ချို့မှာတော့ သွေးတွေထွက်နှင့် ကျန်သည့်လူများကတော့ ဒဏ်ရာဒဏ်ချက်များဖြင့်ဖြစ်သည်။သူတို့၏လက်ထဲမှ ကိရိယာပစ္စည်းများကို လွှဲယမ်းကာ မြင်ကွင်းမှာ တဖြည်းဖြည်းချုပ်ထိန်းနိုင်စွမ်းကင်းလွှတ်လာသည်။

အစပိုင်းတွင် ချန်ယူ ပေါ့ပေါ့တန်တန်ကြည့်နေခဲ့ပါသော်လည်း,ခဏလေးအတွင်းမှာတင်,သူ၏နောက်ကျောဘက်မှ မဖော်ပြနိုင်သည့်အကြောင်းပြချက်အချို့ကြောင့် အေးစိမ့်လာတော့သည်။

အဲ့ဒါ အန္တာရာယ်များတယ်။

ချန်ယူ နောက်ပြန်လှည့်ကြည့်လိုက်စဉ်,ဖရိုဖရဲရန်ပွဲကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည့်အတွက်,ဘာကိုမှလွယ်လင့်တကူ ရှင်းလင်းလို့မရမှန်းသိလိုက်ရသည်။
နှောက်ကျိနေသည့်ရေသည် ငါးဖမ်းရန်အကောင်းဆုံးချိန်ဖြစ်သည်။

ချန်ယူ၏မျက်နှာအမူအရာမှာပြောင်းလဲသွားပြီး,စဉ်းတောင်မစဉ်းစားတော့ဘဲ,သူ့ဘေးရှိလူငယ်လေး၏လက်ကို အလျင်အမြန်ဆွဲကာပြေးတော့သည်။
အကွာအဝေးအချို့အထိပြေးပြီးကာမှ,ချန်ယူ သူလက်ဖဝါးဖြင့်ဆုပ်ကိုင်ထားသည့် လူငယ်လေး၏လက်သည်တစ်ခုခုမှားယွင်းနေကြောင်းခံစားလိုက်ရသည်,အသားအရေမှာကြမ်းတမ်းနေသည်။သူအနေနှင့် ဟဲစီးယန်ကို မကြာခဏထိတွေ့လေ့ရှိသည့်အတွက်,အသားအရေမှာသိပ်ကိုမှနူးညံ့ချောမွတ်ပြီး ပိန်ပါးသည်ကိုသိထားသည်။ချန်ယူ သူ့ခေါင်းကို လှည့်ပြီးကြည့်လိုက်သည့်အချိန် မျက်လုံးများပြူးကျယ်သွားတော့သည်။
""Fuck, မင်းကဘယ်သူလဲ?""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now