Chapter 13 "Watching the play" [U]

8.3K 1.4K 88
                                    

T/N: Some of the wordings in this chapter are not be taken literally. Author is having fun with gaming terms.

Young master Qiao = Qiao gongzi*.
*son of privilege/official/nobility.

Qiao MingYue (ချောင်းမင်ရွဲ့) ချင်းဖန်နောက်သို့လိုက်ခဲ့သည်မှာ တက္ကသိုလ်ကျောင်းသားဘဝထဲကဖြစ်သည်။ ပတ်ဝန်းကျင်ရှိလူများကပင် *ဟိုတစ်ယောက်လေသိတယ်မလား* ဟု ဒိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ ပြောကြသည်အထိနောက်မှ တကောက်ကောက်လိုက်ခဲ့သည်။သူ့ဘဝလမ်းတစ်လျှောက်လုံး ချောမွေ့စွာရွက်လွင့်နိုင်ခြင်းနှင့် ယနေ့အထိရရှိခဲ့သောအောင်မြင်အပါအဝင် များလှစွာသော ကမ်းလှမ်းမှုကောင်းများရရှိခဲ့ခြင်းမှာလည်း သူ၏လက်ကြောင့်မဟုတ်ဘဲ သူ၏ဖင်ကြောင့်သာဖြစ်သည်။

[ချင်းဖန်ရဲ့အိပ်ဖော်ဆိုတဲ့ ဂုဏ်ကြောင့်ရတယ်လို့ဆိုလိုချင်တာပါ]

သူအနေနှင့် သူ၏လက်ကိုသာအားကိုး၍ အောင်မြင်မှုရရှိခဲ့သည်ဟုပြောချင်သည်။အဘယ့်ကြောင့်ဆိုသော်သူ၏ခန္ဓာကိုယ်နှင့်ယှဉ်လိုက်လျှင်လည်း ချင်းဖန်သည် သူ၏လက်အားပိုသဘောကျလေသည်။

Qiao MingYue (ချောင်းမင်ရွဲ့) ကားထဲမှ ထွက်ကာ ကောင်းကင်ပေါ်မှ နေမင်းကြီးအား မော့ကြည့်လိုက်သည်။ ချင်းဖန်သည် S city ၏ emperorဖြစ်သည်။ သူ့တွင်အဆင့်အတန်းမြင့်မားသည့်ဂုဏ်ပုဒ်အပြင်မရေတွက်နိုင်သည့်အာဏာများစွာလည်းရှိသေးသည်။ ထို့ကြောင့် ချင်းဖန်အနားတွင်လူတစ်ဦးတစ်ယောက်မပြောနှင့် အုပ်စုလိုက်ကြီးရှိနေလျှင်ပင်,ချောင်းမင်ရွဲ့အံ့ဩမည်မဟုတ်ပေ။သို့ရာတွင် ဒီတစ်ကြိမ်ကတော့ ထူးဆန်းသည်ဟု ချောင်းမင်ရွဲ့ခံစားရသည်။ချင်းဖန်အနေနဲ့ တကယ်ကို GOLD မှဝန်ထမ်းတစ်ယောက်အား ခေါ်ဆောင်ခဲ့သည်။အဆိုးရွားဆုံးမှာတော့ ထိုဝန်ထမ်းမှာ GOLD ရှိဝန်ထမ်းများစွာထဲကမှ ဈေးအပေါဆုံးနှင့် အောက်တန်းအကျဆုံးတစ်ယောက်ဖြစ်သည်။
ရောဂါပိုးကူးမှာကို လုံးဝ စိတ်မပူဘဲ၊ ညစ်ပတ်တာကိုမရွံရှာဘဲ ဝယ်ယူခဲ့သည်တဲ့လား?

Qiao MingYue (ချောင်းမင်ရွဲ့) ထိုသတင်းကြားကြားချင်း၊ စိတ်ထဲတွင် တစ်ဖက်လူမှာ သူ့ထက် Qin Feng
(ချင်းဖန်)၏အချစ်ဦးနှင့်အတော်လေးကိုတူသည့်အတွက်, Qin Feng(ချင်းဖန်)ဘက်မှ ယခုကဲ့သို့ပြုမူခဲ့ခြင်းဖြစ်မည်ဟု တွေးတောခဲ့သည်။
သို့သော် ဓာတ်ပုံကြည့်ပြီးချိန်တွင်တော့,တူသည့်နေရာမှာ အရပ်အမြင့်တစ်ခုသာ တူ၍,ကျန်သည့်နေရာများမှာ သေသွားသည့်အချစ်ဦးနှင့် တစ်စက်လေးမျှတောင်မတူပေ။
ထို့ကြောင့် Qin Feng (ချင်းဖန်) စီးပွားရေးကိစ္စဖြင့်ခရီးထွက်သွားသည်ကို အခွင့်ကောင်းယူ၍ ချင်းဖန်လိုလူမျိုးအားဆွဲဆောင်နိုင်ခဲ့သည့် လူထူးလူဆန်းအားကြည့်ရှုရန်ခရီးမှ တစ်ရက်စောကာပြန်လာခဲ့သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now