Chapter 18"Bāji bāji bāji"[Z]

3.6K 529 85
                                    

ချန်ယူ၏ပထမဆုံး reaction မှာယခုကဲ့သို့ဖြစ်သည်,
ငါတော့ ဘုရားပညတ်တော်ကိုချိုးဖောက်လိုက်မိပြီ ah, အခုလို ချောမောလှပတဲ့ကလေးကို ကွေးအောင်လုပ်လိုက်မိပြီ။

ထို့နောက်,ဟဲစီးယန် သူကိုမငြင်းဆန်စေရန်အဆင့်ဆင့်လုပ်ဆောင်ခဲ့သည်ကို သတိရသွားပြီး,ဟဲစီးယန်၏
ယုံကြည်မှုကို အရယူရန်,သူအနေနှင့် အထူးစပယ်ရှယ်ကျမ်းကျိန်ခဲ့သည့်အကြောင်းကို မှတ်မိသွားတော့
သည်။ထိုကျိန်စာမှာ အကယ်၍သာ သူအနေဖြင့် ဟဲစီးယန်အပေါ်မရိုးမဖြောင့်သည့်အတွေးများရှိနေပါက,
တစ်သက်လုံး ဖင်ခံရပါစေဟု ကျိန်ဆိုခဲ့ဖူးခြင်း
ဖြစ်ပြီး,ယခုအခါတွင်တော့ ဘယ်သောအခါမှနောက်
ပြန်လှည့်လို့ မရတော့ပေ။

တကယ်ကို အရမ်း အဆိပ်ပြင်းတာဘဲ။

အခုအခါတွင်တော့ ချန်ယူ၏ ရှေ့တွင် ရွေးချယ်စရာအဆုံးသတ်နှစ်ခု သာရှိသည်။နွားချီးရောနေသည့်မြေဩဇာဖြစ်သည့်, ကျမ်းကျိန်ထားသည့်စကားအတိုင်းမဖြစ်လာစေရန်စိတ်ဆုံးဖြတ်၍,ဟဲစီးယန်ကို ငြင်းဆိုရန် (ဒါမှမဟုတ်) ဆီးအိုးဖြစ်သည့်, ဟဲစီးယန်ကို လက်ခံ၍ ရုတ်တရပ်ပြောင်းလဲသွားသည့် ခံစားချက် ဒရမ်မာများကြားထဲသို့ ပါဝင်ရန်ဖြစ်သည်။
ထိုနှစ်ခုကိုသာရွေးချယ်ရမည်ဖြစ်ပြီး,မကြာခင်မှာဘဲ ရေတိမ်နစ်တော့မည့် သူ့ဘဝသူမြင်ယောင်နေမိသည်။

ခဏတာ တွေဝေယိမ်းယိုင်ပြီးသည့်နောက်, ချန်ယူ ဆီးအိုးကိုသာ ရွေးချယ်လိုက်သည်။
အနည်းဆုံးတော့ ကြည့်ရတာ အနည်းငယ်ကြည်လင်
ပြီး, အနည်များလည်းမရှိသလို,ကပ်စေးစေးလည်း
မဖြစ်ပေ,ထို့အပြင် အနံ့ကလည်း သိပ်ဆိုးမည်မဟုတ်....သူအနေနှင့်လည်း ရေနစ်မှုလမ်းကြောင်းကို
နည်းနည်းသာခံစားရမည်ဖြစ်သည်။

ထို့ကြောင့် ချန်ယူ သူ့ဆုံးဖြတ်ချက်ကိုအပိုင်ချလိုက်
ပြီး,နောက်ထပ် ပျာယာခတ်မနေတော့ပေ။
""မင်းအရင်ဆုံး ငါ့ကိုယ်ပေါ်ကနေ ဆင်းလိုက်""

ဟဲစီးယန် မရွေ့ပေ,ကြည့်ရသည်မှာ သူ မလုပ်ချင်သည့်ပုံဖြစ်သည်။

ချန်ယူ အသက်ပြင်းပြင်းရှူလိုက်ပြီး ဆဲချင်နေသည့်စိတ်ဆန္ဒကိုထိန်းသိမ်းလိုက်သည်။လူငယ်လေးကို နိုးကြွလာအောင်မလှုံဆော်နိုင်ပေ,မဟုတ်လျှင် သူအနေနှင့်
ကြီးမားသည့် surprise ကြီးရသွားလိမ့်မည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now