Chapter 22.1 "Stop crying"[U]

5.9K 1.1K 62
                                    

ဆယ့်ငါးရက်မြောက်နေ့ မနက်ခင်းတွင်,ဧရိယာD ၏သံလှောင်အိမ်ထဲမှ ကားများအချို့မောင်းထွက်လာလေသည်။

ယခုနေရာ၌နေထိုင်ရခြင်းသည်,အစားအသောက်,အဝတ်အစား,နှင့်လွတ်လပ်စွာနေထိုင်ခွင့်အစရှိသည်တို့ထက် အနာကျင်ရဆုံးအရာမှာတစ်ခုတည်းသာရှိသည်။ထိုအရာသည် ဆန္ဒဖြစ်သည်။ အချိန်အကြာကြီးကတည်းက ဖြေလျော့နိုင်မှုမရှိခဲ့လျှင်,ထိန်းမချုပ်နိုင်သည့်အခြေအနေအထိရောက်အောင် ဦးတည်သွားနိုင်ခြေကပိုများသည်။

ထို့ကြောင့် တစ်ခါတစ်လေ,ထောင်အာဏာပိုင်များသည် လူများကို အထဲသို့တိတ်တဆိတ်ခေါ်သွင်းကာ ထောင်သားများထံမှအခကြေးငွေယူ၍ သူတို့လိုအပ်ချက်များကို ဖြေရှင်းခွင့်ပေးလေသည်။

တစ်နှစ်စီတိုင်းတွင် ပထမတစ်ဝက်နှင့်ဒုတိယတစ်ဝက်ဟူ၍,အခွင့်အရေးအသီးသီးစီရှိကြသည်။ကြီးကြပ်သူများသည် ပေါ့ပါးသည်ပြစ်မှုကျုးလွန်ထားသူများနှင့် အလုပ်များကိုကောင်းမွန်စွာလုပ်ကိုင်သည့်လူများကို ခေါ်ဆောင်သွားလေ့ရှိသည်။

ဒီတစ်ကြိမ်တွင်တော့,ချန်ယူနှင့် ဟဲစီးယန်တို့ထိုအုပ်စုထဲ၌ ပါဝင်လေသည်,ထို့အပြင် မမျှော်လင့်စွာဖြင့်,ချုးထျန်းပါရွေးချယ်ခံထားရသည့်လူစာရင်းထဲပါဝင်သည်။သူတို့ကြောင့် ဝါဒါနှင့် ရုံးအုပ် Wang တို့အချင်းများကြသည်ဟုပင် သတင်းကြားရသည်။

သို့သော်လည်း,အကြောင်းအရာမှာ မရှင်းလင်းပေ။ဘာဘဲပြောပြော,သူတို့သုံးယောက်စလုံးကို ကားတစ်စီးထဲ အတူတူ မထည့်ပေးထားသည်ကိုပင် ကျေးဇူးတင်ရမည်
ဖြစ်သည်။

ကားအနောက်ဖက်ထဲ၌ထိုင်နေသော,ချန်ယူသည်အလွန်စိတ်လှုပ်ရှားနေသည်။နောက်ဆုံးတော့ သောက်ရေးမပါတဲ့နေရာကြီးကနေထွက်လာနိုင်ခဲ့ပြီ,တစ်ရက်မပြောနှင့်,တစ်နာရီဆိုရင်တောင် လုံလောက်သည်။

ဟဲစီးယန်ကတော့,ချန်ယူ၏လက်ကိုဆုပ်ကိုင်ထားပြီး မျက်စိများကိုမှိတ်ထားသည်။သူဘာကိုတွေးနေသလဲတော့ ဘယ်သူမှမသိနိုင်ပေ။

ချန်ယူ,ဟဲစီးယန်၏လက်များ အလွန်အေးစက်နေသည်ကိုတွေ့လိုက်ရသည်။ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး,သူ၏ကျန်လက်တစ်ဖက်ကို လူငယ်လေး၏လက်ဖမိုးပေါ်သို့ထပ်ကာ နှိပ်နယ်ပေးလိုက်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now