Chapter 2"So beautiful"[U]

8K 1.2K 60
                                    

""စောင့်နေလိုက်"" ထိုဘဝင်လေဟပ်နေသည့်ခွေးသည်ထိုစကားပြော၍ထွက်သွားတော့သည်။

စောက်ရူး,ဘယ်သူကမင်းကိုစောင့်နေရမှာလဲ?
ချန်ယူကတော့ သူ့ကိစ္စမဟုတ်သည့်အလား လှည့်တောင်မကြည့်ဘဲ မနက်စာသွားစားလိုက်သည်။ ထို့နောက် ကန်တင်းတွင်ပြန့်နှံ့လာပြီး လူတိုင်းလိုလိုကပြောလာရသည့်အထိ ရေပန်းအစားဆုံး Topic မှာ Area D ၏ Boss သည်လက်ငှါးရသည်ကိုသဘောကျသည်ဟူ၍ပင်ဖြစ်သည်။

Dong-zi ခပ်ကြမ်းကြမ်းထွေးထုတ်လိုက်ပြီး,
""စောက်အဓိပ္ပါယ်မရှိတာတွေ""

""Boss, ကြည့်နေလိုက်,နေ့လည်ခင်းအလုပ်လုပ်ချိန်ရောက်ရင်,ကျွန်တော် သူ့ကိုဘယ်သူမှမသိအောင်သတ်ပြမယ်""

""သတ်တာဖြတ်တာတွေကို အရမ်းကာရောဇွတ်မလုပ်နဲ့အုန်း"" ချန်ယူစားပွဲခုံကိုလက်ဖြင့်ခေါက်ရင်းပြောလိုက်သည်။ ""မင်းနဲ့ lao-yu ကနောက်တစ်နှစ်ဆိုအပြင်ထွက်လို့ရတော့မှာ။ဒါကြောင့် ကိုယ့်ကိုယ်ကိုထိန်းသိမ်း,နားလည်တယ်မလား?""

Dong-zi ဒေါသမှာလည်ချောင်းထဲထိလှိုက်တက်လာပြီး တစ်ခုခုပြောရန်ပါးစပ်ဖွင့်လိုက်ပါသော်လည်း မပြောနိုင်ခဲ့ပေ။

ထိုအချိန် Lao-Ye မှာပြေးလာပြီး ပြောလေသည်။
""Boss, ခုနကကောင်နာမည်က Chu Tian တဲ့ Baicheng ကလာတာ။ဒါပေမဲ့ သူဘာပြစ်မှုကြောင့်ဒီထောင်ကိုရောက်လာသလဲဆိုတော့ကျွန်တော် ရှာလို့မတွေ့ဘူး""

ချန်ယူ အေးအေးဆေးဆေးမပြောခင် ပါးစပ်အပြည့်ဆန်ပြုတ်တစ်ဇွန်းခပ်သောက်လိုက်ပြီး
""ထိုင်ပြီး မနက်စာစား""

Lao-Yu ၏အမူအရာမှာလည်း Dong-Zi ကဲ့သို့လိုပင်။သူတို့တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်လိုက်ကြသည်။ တစ်ခုခုတော့မှားနေပြီ။

အကယ်၍သာအခုဟာကနေ့တိုင်းလိုဆို,ဘယ်လိုများ Boss ကဒီနေရာမှာထိုင်စားနေပါ့မလဲ,အခုလောက်ဆိုသူတို့နှစ်ယောက်ကိုခေါ်ပြီး သတ်ပွဲဖြစ်နေလောက်ပြီ။

ဒီနေ့ကျမှဘာဖြစ်နေတာလဲ?
အရာရာအကောင်းမြင်နေတဲ့အပြုံးပုံစံကြီးက ဘုရားလောင်းပုံစံနဲ့တောင်ဆင်နေသေးတယ်။ထို့အပြင် ဒီထက်ပိုထူးဆန်းသည်က သူတို့အတူတူဆန်ပြုတ်နဲ့ပေါက်စီကိုတစ်ချိန်တည်းထိုင်စားနေကြခြင်းဖြစ်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now