Chapter 11.1"He felt like crying"[U]

6.4K 1.2K 74
                                    

ချန်ယူ၏ဝိဉာဉ်သည် သူ့ခန္ဓာကိုယ်ထဲမှအထုတ်ခံရပြီးနောက် သေမလားရှင်မလားတောင် မသေချာမရေရာသည့်အခြေအနေတွင် သေခြင်းတရားကို စောင့်ကန်၍အသက်ရှင်လျက်ပြန်လာခဲ့သည်။

Area D တစ်ခုလုံးထိုသတင်းကိုကြားရသည့်အခါ,အများစုကတော့ ပုံမှန်အတိုင်းဘာမှမထူးခြားသည့်အလားတုံ့ပြန်မှုမရှိပေ။တစ်ယောက်၊နှစ်ယောက်လောက်ကသာလျှင် နောင်တရနေပြီး,ဘာလို့သူ သေမသွားတာလဲ,တကယ်ကိုအသက်ပြင်းတဲ့ကောင်ဘဲဟု တွေးကြသည်။
Room 15 ထဲမှထောင်သားများကတော့ အလုပ်လုပ်နေကြဆဲဖြစ်ပြီး,ချန်ယူ အထဲသို့ဝင်လာသည့်အခါ,ဘယ်သူကမှ သူတို့၏အံ့ဩမှုကို မဖုံးကွယ်ထားနိုင်ပေ။
ဘယ်လိုတောင် အသက်ရှင်လျက်ပြန်လာနိုင်ရတာလဲ?

အရမ်းကိုမမြန်လွန်းဘူးလား?အပြင်ကထောင်ဆေးရုံကိုတောင်အပို့ခံခဲ့ရတာမဟုတ်ဘူးလား?သူ့ကြည့်ရတာဘာကိုမဖြစ်ခဲ့သလိုအကောင်းပတိကြီးကြနေတာဘဲ။

ချန်ယူ, သုန်းဇီနှင့်လောင်ယွီတို့နှစ်ဦးကို
"ငါအဆင်ပြေတယ်"ဆိုသည့်အကြည့်ပေးလိုက်ပြီးနောက် လူငယ်လေးကို စိုက်ကြည့်ပြီး နောက်တစ်ကြိမ်ထပ်မံစိုက်ကြည့်လိုက်သည်။ထို့နောက် လူငယ်လေး၏ဂုတ်ကိုအပေါ်ကနေဆုပ်ကိုင်ကာညစ်လိုက်ပြီး အကြိမ်အနည်းငယ်ပွတ်လိုက်သည်။
ဟန်ဆောင်မနေပါနဲ့,မင်း ငါ့ကိုကြည့်နေမှန်းငါသိတယ်။
ငါတံခါးဝရောက်တာနဲ့,ချက်ချင်းကို မင်းလှမ်းကြည့်လိုက်တာ။မင်းငါ့ကိုစိတ်ပူနေမှာဘဲ,အရမ်းတွေစိတ်ပူနေခဲ့တာမလား,ငါသေသွားပြီး ဘယ်သူကမှမင်းနဲ့သစ္စာဆိုညီအကိုမလုပ်ကြတော့မှာကိုကြောက်နေတာမလား။

ဟဲစီးယန် ရုတ်တရပ် သူ့ခေါင်းကိုလှည့်လိုက်သည်။မျက်လုံးများမှာလည်း သိရှိနိုင်ဖို့အတွက် သိပ်ကိုမှလေးနက်နေသည်။သို့သော်လည်း အဓိပ္ပါယ်မှာတော့ မရှင်းလင်းပေ။

ချန်ယူ ဟဲစီးယန်ပခုံးပေါ်လက်တစ်ဖက်တင်ထားရင်း,ဟဲစီးယန် မှေးလေးကိုမကာ ပြောလိုက်သည်။
""Gē ကကျန်းမာရေးကောင်းပါသေးတယ်,အခုကဘာမှ
ဖြစ်တာမဟုတ်ဘူး,မင်းကို တစ်ယောက်တည်းတော့မထားခဲ့ပါဘူး""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now