Chapter 17"Commiting a sin"[U]

6.3K 1.1K 197
                                    

ကန်တင်းတွင် ဟင်းချက်တာဝန်ယူထားသည့်ဦးလေးကြီးသည် အကြောင်းကိစ္စတစ်ချို့ကြောင့် သူ၏မွေးရပ်မြေဆီသို့ ခဏပြန်သွားရသည်။ထို့ကြောင့် သူ၏ဆွေမျိုးမှာ ခဏတာအစားထိုးတာဝန်ယူထားလေသည်။
ထိုဆွေမျိုးသည် ကောင်းသည့်အကျင့်လား၊မကောင်းသည့်အကျင့်လားတော့ မသိပေ။သို့သော် ဟင်းပွဲတိုင်းလိုလိုကို ကြက်သွန်မြိတ်အများကြီးမှအများကြီး ထည့်လေ့ရှိသည်။

ကြက်သွန်မြိတ်ကိုပြောရမည်ဆိုပါက,စားသောက်ချိန်တွင်တော့ ထိုအရာမှာအနံ့အရသာနှင့်အလွန်ပြည့်စုံသည်။သို့သော် အစာအိမ်ထဲရောက်ရှိပြီးနောက် ပြန်ထွက်လာသည့်အချိန်တွင်တော့...

ဖော်တောင်မဖော်ပြနိုင်ပေ။

အခုလေးတင် အိမ်သာကိုဘယ်သူသုံးခဲ့သလဲတော့
မသိ,ကြည့်ရတာတော့ အိမ်သာထဲမှာတင် အချိန်အတော် ကြာကြာကုန်ဆုံးခဲ့သည့် ပုံပင်။လေထုထဲတွင် စူးဝင်ပျံ့နှံ့နေသည့် ရနံ့မှာအတော်လေးကို အံ့ဩစရာကောင်းလှသည်။
(Lmao)

ချန်ယူ အသက်ရှုအောင့်လိုက်သည်။
မင်းဘက်က ပြောစရာတစ်ခုခုရှိနေတယ်ဆိုရင်လည်း,
အပြင်ထွက်ပြီသာ,စကားပြောကြရအောင်။အတန်းဖော်ဟဲ,အခုရနေတဲ့ အနံ့ကအရမ်းကို ပျစ်ပျစ်နှစ်နှစ်ရှိနေတယ်လို့မခံစားရဘူးလား?

ဟဲစီးယန်လည်း သိနေသည့်ပုံပင်,သူ့မျက်နှာကြည့်ရသည်မှာ သိပ်မကောင်းပေ။

ချန်ယူ သက်ပြင်းချလိုက်ပြီး,တော်သေးတာပေါ့,နောက်ဆုံးတော့ အပြင်ပြန်ထွက်လို့ရပြီဘဲ။
ထိုအချိန် ဟဲစီးယန်သည် ထိုနေရာတွင် ထွက်သွားမည့်စိတ်ကူးလုံးဝ မရှိသည့်ပုံဖြင့် ကျန်ရစ်နေခဲ့မည်ဟု ဘယ်သူကများသိနိုင်ပါ့မလဲ။

ချန်ယူ ဘောတွေတောင်အောင့်လာတော့သည်။

သူအနေနှင့် ခန့်မှန်းရခက်ပြီး,မျက်နှာသေဖြင့် သူ့ထက်ဉာဏ်ပိုကောင်းသည့်လူများနှင့် ကန့်လန့်ဖြတ်ပြောဆိုရမည်ကို တကယ်ကြောက်ရွံသည်။ထို့ကြောင့် သူငယ်ချင်းတွေလုပ်ပြီး,အတူတူရေလိုက်ငါးလိုက်နေထိုင်ရန် စိတ်ကူးထားခဲ့ပါသော်လည်း ဘယ်သူကများ ယခုကိစ္စတွေကိုအခုလောက်ထိ ဖြစ်လာစေခဲ့သလဲဆိုတာတောင် မသိတော့ပေ။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now