Chapter 1 "Advance Notice"[U]

27.8K 2K 118
                                    

Chen You (ချန်ယူ) ၏ဘဝသည် သနားစဖွယ်ဖြစ်သည်။
ငယ်ရွယ်စဉ် ကလေးဘဝအရွယ်လောက်ကတည်းက ရွာထဲမှ သူ့သူငယ်ချင်းများနှင့် အတူတူစုဝေးပြီး သူများခြံထဲမှ ဖရဲသီးနှင့်ကြံများသွားခိုးကြစဉ် အခြားသောကလေးများမှာ အကုန်လွတ်၍ သူတစ်ယောက်တည်းသာအကြိမ်ကြိမ်အခါခါအဖမ်းခံရသည်။
အလယ်တန်းကျောင်းသားဘဝတွင်လည်း အခြားသူ၏ note စာရွက်အတိုလေးအား ကူပြီး ကမ်းပေးမိသည့်အတွက် အတန်းပိုင်ဆရာ၏ ဒေါတသကြီး အော်ငေါက်မှုကို ခံရပြန်သည်။
အထက်တန်း မြီးကောင်ပေါက်အရွယ် ရောက်သည့်အခါတွင်တော့ အချစ်ဆိုသည့်အရာအား စူးစမ်းသည့်အရွယ်ဖြစ်သည့်အလျောက် အတန်းထဲတွင် စုံတွဲအတော်များများရှိခဲ့သည်။ Chen You (ချန်ယူ) လည်း သူ၏သိချင်လိုစိတ်အပြည့်အဝရှိသည့် လူပျိုပေါက်နှလုံးသားလေးအား မလွန်ဆန်နိုင်ခဲ့သည့်အတွက် အတန်းထဲမှ ကောင်မလေးတစ်ယောက်ကို အားကစားကွင်းထဲတွင် ချစ်ရေးဆိုခဲ့သည်။
သို့သော်လည်း ထုံးစံအတိုင်း ကံမကောင်းစွာဖြင့် ဆရာ၏ကင်းလှည့်စစ်ဆေးသည့် အချိန်နှင့် သူပထမဆုံးရည်းစားစကားပြောသည့်အချိန် တိုက်တိုက်ဆိုင်ဆိုင်းတန်းတိုးကာ အဖမ်းခံရလေသည်။ ထို့အပြင် အတန်းထဲမှ အခြားလူများ နမူနာယူစေရန်အတွက်လည်း ပြစ်ဒဏ်ပေးခံရ၍ မှင်နီလည်းတားခံခဲ့ရသည်။
သူအနေနှင့် လက်ကလေးတောင် မကိုင်လိုက်ရ။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Chen You (ချန်ယူ) သည် နတ်ပြည်မကလို့ ငရဲပြည်ဘဲ ဆင်းရပါစေ မကြောက်ရွံပေ။ တစ်ခုတည်းသော သူကြောက်သည့်အရာမှာ "ငိုရမှာ"ကိုဖြစ်သည်။
အကြောင်းကတော့ မျက်ရည်မထွက်နိုင်သည်မို့ပင်။ သို့သော်လည်း ဘယ်သူကများ သူအနေနဲ့ အနုပညာတက္ကသိုလ်ဝင်ဝင်ခြင်းနေ့မှာတင် ငိုရမည့်အခန်းသရုပ်ဆောင်ပြရမည်ဟု သိခဲ့ပါ့မလဲ။
ဒီလိုနှင့်ဘဲ သူ၏တက္ကသိုလ်အိပ်မက်မှာ ပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် Chen You (ချန်ယူ) တစ်နှစ်အောက်ကာ စာပြန်သင်ကြားခဲ့ပြီး Junior College တက်ခဲ့သည်။

ဆောင်းရာသီ ကျောင်းသားသစ်ကာလစတင်ချိန်မှာတော့ သူ့ကိုယ်သူ အခြားသူများ၏မွေးရာပါ ငှက်များအား ကြည့်ရသည်ကိုနှစ်ခြိုက်သည့်သူမှန်း ရုတ်တရပ်သိရှိခဲ့ရသည်။
[ငှက်=penis]
ထို့အပြင်ကြည့်ရုံနှင့်ပင်အားမရ လက်နှစ်ဖက်နှင့်ပါ ထိတွေ့ကိုင်တွယ်လိုသည့်အထိဖြစ်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now